တာချီလိတ်မြို့တွင် စစ်ကောင်စီ၏ ဝါဒဖြန့်စာရွက်များ လူမသိ သူမသိ အချိန်တွင် ဖြန့်ဝေ

တာချီလိတ်မြို့တွင် စစ်ကောင်စီ၏ ဝါဒဖြန့်စာရွက်များ လူမသိ သူမသိ အချိန်တွင် ဖြန့်ဝေ

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်နိုင်ရန်အတွက် ဝါဒဖြန့်စာရွက်များကို ယနေ့ ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ နံနက်အစောပိုင်းက ပုဂ္ဂလိက ဈေးတစ်ခုနှင့်အနီးနေရာများတွင် ဖြန့်ကြဲထားကြောင်း သိရသည်။

" စကစ ရဲ့ ဝါဒဖြန့်စာရွက်တွေ့ မနက်အစောပိုင်း ဈေးခင်းချိန်လောက်မှာ ဖြန့်ကြဲသွားတယ်လို့ သိရတယ်။ သူတို့တွေ ဒီစာရွက်ကို လမ်းမှာ ဝေရင် ယူမဲ့လူ ရှိမှာမဟုတ်လို့ အခုလို ကြဲချခဲ့တာပဲဖြစ်မယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာများအတွင်း စစ်ကြောင်းထိုးမှုများ ပြုလုပ်ပြီး လူနေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည့် ဖြစ်စဉ်များကို ဖော်ပြသည့် သတင်းဌာနများကို  သတင်းအမှားများ ဖြန့်ဝေသည်ဟု သတ်မှတ်ကာ ပြည်သူများ ယုံကြည်ရန်အတွက် လက်ကမ်းစာရွက်များ ပြုလုပ်ပြီး နည်းမျိုးစုံဖြင့် ဖြန့်ဝေနေခြင်း ဖြစ်သည်။