တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်း (၃၀၀)ဝန်းကျင် Covid-19 စစ်ဆေးရန် စာရင်းပေးထား

တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်း (၃၀၀)ဝန်းကျင် Covid-19 စစ်ဆေးရန် စာရင်းပေးထား
နိုဝင်ဘာ 28, 2020
By Tachileik News Agency


တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်း (၃၀၀)ဝန်းကျင် Covid-19 စစ်ဆေးရန် စာရင်းပေးထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးမည်ဖြစ်ရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ ဆေးစစ်ရန် စာရင်းပေးသွင်းထားသည့် မော်တော်ယာဉ်မောင်း (၃၀၀)နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။
" ထိုင်းဘက်က သူတို့ကားသမားကို စစ်သလို ဒီဘက်ကလည်း မြန်မာ ကားသမားတွေကို စစ်ပေးမယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့ဘက် ကိုယ့်ဘက် ယာဉ်မောင်းတွေ ပေးမဝင်တာ ပိုကောင်းတယ်။ ဆေးစစ်ပြီး အခုလို ယာဉ်မောင်းလဲတဲ့ အစီအစဉ်နဲ့ဆို အဆင်ပြေတယ်။ ဒီဘက်မှာ မနေ့ကအထိ စာရင်းပေးထားတာ (၃၀၀) ဝန်းကျင်ရှိနေပြီ"ဟု တာချီလိတ်ခရိုင် COVID 19 ကာကွယ်တားဆီးထိန်းချုပ်ရေးကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြား မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှနေ၍ ကုန်ပစ္စည်းသယ်နေသည့် ယာဉ်မောင်းများကို လက်ရှိတွင် မော်တော်ယာဉ်မောင်း လဲလှယ်သည့် စနစ်ဖြင့် ကုန်စည်ကူးသန်းခွင့်ပြုနေခြင်းဖြစ်ပြီး မြန်မာဘက်တွင် COVID 19 ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး လုပ်နေသည့် မြန်မာကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပေးရန် စီစဉ်လာခြင်းဖြစ်သည်။
မြန်မာကုန်တင်ယာဉ်မောင်းများအနေဖြင့် COVID 19 စစ်ဆေးမှုခံယူရန် နိုဝင်ဘာလ (၂၄) ရက်နေ့မှစ၍ စာရင်းရယူနေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~