နျူကလီးယားလက်နက် အစီအစဥ် အရှိန်မြှင့်ဆောင်ရွက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ပြောကြား

စစ်ရေးပြအခမ်းအနား [ Photo:  Korean Central News Agency ]
စစ်ရေးပြအခမ်းအနား [ Photo: Korean Central News Agency ]
နျူကလီးယားလက်နက် အစီအစဥ် အရှိန်မြှင့်ဆောင်ရွက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ပြောကြား
By Mr John

 မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဧပြီ (၂၅) ရက်နေ့ ညပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် နိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဥ်ကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထိုစစ်ရေးပြ အခမ်းအနားကို မြောက်ကိုရီးယားနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တားမြစ်ပိတ်ပင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM - intercontinental ballistic missile) များနှင့် အခြား လက်နက်များကို ပြသခဲ့သည်။

  Korean Central News Agency ]



မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အကြီးမားဆုံးဟု သိထားကြသည့် ICBM ဒုံးကျည်ကို မတ်လအတွင်းက စမ်းသပ်ခဲ့ရာ ထိုစမ်းသပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

မြောက်ကိုရီးယား၏ ICBM ဒုံးကျည်များကို နျူကလီးယားလက်နက်များ သယ်ဆောင်ပစ်ခတ်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သည်။



ဧပြီလ (၂၅) ရက်နေ့ ညပိုင်း စစ်ရေးပြအခမ်းအနားတွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များအပြင် အသံထက်မြန်သော ဒုံးကျည်များကိုလည်း မြောက်ကိုရီးယားက ပြသခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်ကလည်း မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သော်လည်း လက်နက်စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့ ပြစ်တင်ရှုတ်ချမှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယခုအချိန်အထိ ဂရုစိုက်လေ့မရှိပေ။ 

"ကျွန်တော်တို့ နိုင်ငံရဲ့ နျူကလီးယားစွမ်းရည် အမြန်ဆုံး အရှိန်အဟုန်နဲ့ ခိုင်မာအားကောင်းပြီး တိုးတက်စေဖို့ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားပါမယ်" ဟု ကင်မ်ဂျုံအန်က စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ပြောခဲ့သည်။



နိုင်ငံ၏ နျူကလီးယားတပ်ဖွဲ့များအနေဖြင့် အချိန်မရွေး လေ့ကျင့်ရန် အသင့်ဖြစ်နေရမည်ဟုလည်း ကင်မ်ဂျုံအန်က ပြောကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA (Central News Agency) ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များမှာ အခြေခံအားဖြင့် စစ်ပွဲကို တားဆီးရန်ဖြစ်သော်လည်း အခြား ရည်ရွယ်ချက်များအတွက်ပါ  အသုံးပြုနိုင်ကြောင်း ၎င်းကပြောသည်။ ထိုပြောကြားမှုမှာ မြောက်ကိုရီးယား တိုက်ခိုက်ခံရပါက ပြန်တိုက်သွားမည်ဟု ပြောဆိုထားမှုကို ပြန်လည်ပဲ့တင်ထပ်ခဲ့သည်။

KCNA က ထုတ်ပြန်ခဲ့သည့် စစ်ရေးပြအခမ်းအနား ဓာတ်ပုံများအရ Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်ကို အခြား လက်နက်များနှင့်အတူ တွေ့ရသည်။

မြောက်ကိုရီးယားက Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်ကို ပြီးခဲ့သည့် မတ်လအတွင်း ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး တောင်ကိုရီးယား ကျွမ်းကျင်သူတွေကတော့ ထိုဒုံးကျည်စမ်းသပ်မှု၏ အောင်မြင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယားက ၎င်း၏ လက်နက်သစ်များကို တင့်ကားများ၊ အမြောက်များနှင့် စစ်သားများပါဝင်သော ရှည်လျားသည့် စစ်ရေးပြအခမ်းအနား ချီတက်ရာတွင် ထုတ်ဖော်ပြသလေ့ရှိသည်။



မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ရာ ဧပြီ (၂၅) ရက် ညပိုင်း စစ်ရေးပြအခမ်းအနားကို အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။

ဂြိုဟ်တုဓာတ်ပုံများအရ Punggye-ri နျူကလီးယားစမ်းသပ်စခန်းတွင် မတ်လအတွင် လှုပ်ရှားမှုများ တိုးမြင့်လာခဲ့ရာ မြောက်ကိုရီးယားက နျူကလီးယားလက်နက်နှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုများ ပြန်လည်စတင်လိမ့်မည်ဟု စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။



Source: BBC, Reuters