မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေးတံတား(၁)ထိပ် သန့်ရှင်းရေး လုပ်ဆောင်နေခြင်းမှာ တံတားပြန်ဖွင့်ရန် သန့်ရှင်းရေး လုပ်ဆောင်ခြင်း မဟုတ်

မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေးတံတား(၁)ထိပ် သန့်ရှင်းရေး လုပ်ဆောင်နေခြင်းမှာ တံတားပြန်ဖွင့်ရန် သန့်ရှင်းရေး လုပ်ဆောင်ခြင်း မဟုတ်
ဧပြီ 25, 2022 | ရှမ်းရှေ့

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၂ ခုနှစ်အတွက် စည်ပင်သာယာနေ့အဖြစ် ယနေ့ ဧပြီလ (၂၅) ရက်နေ့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ကို အထူးသန့်ရှင်းရေးပြုလုပ် ခဲ့ကြသည်။

မယ်ဆိုင်စည်ပင်သာယာရေးဌာန၏ အကြီးအကဲနှင့်တာဝန်ရှိသူများက မယ်ဆိုင်ဧရိယာအတွင်း လမ်းများတိုးတက်ကောင်းမွန်မှု အခြေအနေကို စစ်ဆေးကြပြီး တစ်နှစ်တာအတွင်း လုပ်ငန်းစီမံကိန်းများ အကောင်းဆုံးဆောင်ရွက်မှု စံပြဆု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကိုလည်း မယ်ဆိုင်စည်ပင်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် နေ့လယ် (၂)နာရီဝန်းကျင်တွင် စည်ပင်သာယာရေးနေ့အဖြစ် နယ်စပ်တံတားအဆောက်အဦကို အထူးသန့်ရှင်းရေးလုပ်ကြခြင်း ဖြစ်သည်။

ထိုသို့ မယ်ဆိုင်ဘက် ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ် သန့်ရှင်းရေး ပြုလုပ်နေမှုကို မြန်မာဘက် တာချီလိတ်ပြည်သူများက ချစ်ကြည်ရေးတံတား ဖွင့်ရန်အတွက် မှတ်ယူနေကြသော်လည်း တကယ်တမ်းမှာ တံတားဖွင့်ရန် မဟုတ်ဘဲ စည်ပင်သာယာရေး အထိမ်းအမှတ်နေ့ဖြစ်၍ သန့်ရှင်းရေးပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မယ်ဆိုင်စည်ပင်