မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူ (၃)ဦးထံက Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူ (၃)ဦးထံက Covid-19 ပိုးတွေ့
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသူ (၃)ဦးထံက Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် တာချီလိတ်က ပြန်လာသည့် (၃)ဦးထံက ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်ပိုင်းတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။
မိုင်းယောင်းမြို့သို့ တာချီလိတ်မြို့ ဝမ်ကျောက်လုံ ငါးကန်(Sky View)စားသောက်ဆိုင်၊ 1G1  ဟိုတယ် KTV နှင့် ရန်အောင်မြေရပ်ကွက်တို့မှ ရောက်ရှိလာသူ (၃)ဦးတို့ဖြစ်ကြောင်း နှင့် ဆက်လက်၍ လိပ်စာအတိအကျကို မေးမြန်းနေဆဲ ဖြစ်ကြောင်း သိရသည်။
တချီလိတ်မှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့က ရောက်ရှိလာသူများဖြစ်ပြီး အသက်အရွယ် (၁၇)နှစ်မှ (၂၀)နှစ်အရွယ်များ ဖြစ်ကြောင်း သိရသည်။
COVID-19 အတည်ပြုလူနာ (၃) ဦးကို မိုင်းယောင်းဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ကျန်းမာရေးဌာနမှ စုံစမ်းလျှက်ရှိကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~