ဒီမောဆိုမြို့နယ်တွင်း တိုက်ပွဲဖြစ်နေရာများမှ အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ဒီမောဆို PDF သိမ်းဆည်းရမိ

ဒီမောဆိုမြို့နယ်တွင်း တိုက်ပွဲဖြစ်နေရာများမှ အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ဒီမောဆို PDF သိမ်းဆည်းရမိ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်အတွင်း တိုက်ပွဲဖြစ်နေရာအချို့ကို နယ်‌မြေရှင်းလင်းစဉ် အာဏာသိမ်းစစ်ကောင်စီတပ်သားများ၏ စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒီမောဆို PDF က ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF) တပ်ရင်း(D) တပ်ရင်းက ဧပြီလတတိယပတ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားခဲ့သောနေရာတွင် တပ်ဆုတ်ချိန် နင်းမိုင်းအပြားအများ ထောင်ထားခဲ့သည်ကို  တွေ့ရပြီး နင်းမိုင်းများအားလုံးကို မရှင်းလင်းနိုင်သေးသည့်အတွက် ပြည်သူများ နေရပ်ပြန်ခြင်းကို သတိထားကြရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။