ကော့ကရိတ်တွင် ပစ်ခတ်သံများကြားရပြီး ရဲစခန်းတိုက်ခိုက်ခံရဟု သတင်းများထွက်နေ

Photo: ကော့ကရိတ်မြို့နယ်အတွင်းမှ အာရှလမ်းမကြီး
Photo: ကော့ကရိတ်မြို့နယ်အတွင်းမှ အာရှလမ်းမကြီး
ကော့ကရိတ်တွင် ပစ်ခတ်သံများကြားရပြီး ရဲစခန်းတိုက်ခိုက်ခံရဟု သတင်းများထွက်နေ
By Tachileik News Agency

ကရင်ပြည်၊ ကော့ကရိတ်မြို့တွင်  ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က ပစ်ခတ်သံများကြားရပြီး ရဲစခန်းတိုက်ခိုက်ခံရသည်ဟု သတင်းများထွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

"ရဲစခန်းဘက်မှာ ပစ်ခတ်သံကြားရတယ်။ လက်နက်ကြီးပစ်သံပါ ကြားရတယ်။ ဘယ်နားမှာဖြစ်တယ်တော့ အသေအချာ မသိရသေးဘူး။ ပစ်ကြခတ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ KNLA၊ PDF ပူးပေါင်းတပ်များက ကော့ကရိတ်ရဲစခန်းကို ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သတင်းများထွက်နေသည့်နည်းတူ စစ်ဆေးရေးဂိတ်အား ဝင်ပစ်သည်ဟုလည်း သတင်းများထွက်နေသည်။ ခ

မည်သည့်နေရာတွင် ပစ်ခတ်ခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က တောင်ပေါ်ကျောင်းရှေ့လမ်းမပေါ်တွင် ဖြတ်သွားဖြတ်လာများကို တားမြစ်စစ်ဆေးနေသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။