ကလောမြို့၏ မြို့နယ်ထွေအုပ် ဝန်ထမ်း (၇)ဦးတွင် Coivd-19 ပိုးတွေ့

Photo: လောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့
Photo: လောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့
ကလောမြို့၏ မြို့နယ်ထွေအုပ် ဝန်ထမ်း (၇)ဦးတွင် Coivd-19 ပိုးတွေ့
ဇွန် 28, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၈) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၁)ဦးထပ်တိုးတွေ့ရပြီး ယမန်နေ့က အတည်ပြုလူနာ (၇) ဦးတွေ့ရသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုလည်း ပိုးသတ်ဆေးဖြန်းပေးထားသည်ဟု သိရသည်။

"ဒီနေ့က အတည်ပြုလူနာနဲ့ထိတွေ့ကို စစ်တာကနေ (၁) ယောက်ထပ်တွေ့တယ်။ ဘယ်ကဆိုတာတော့ မသိရသေးဘူး။ မနေ့ကတော့ ထွေအုပ်က ဝန်ထမ်းတစ်ချို့ အနံ့ပျောက်တယ်ဆိုတာကနေ (၈) ယောက်စစ်တာ (၇) ယောက်ပိုးတွေ့တယ်"ဟု ကလောဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

ကလောမြို့ မြို့နယ်ထွေအုပ်ရုံးမှ ရုံးတက်နေသည့် ဝန်ထမ်းများတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်၍ ရုံးခန်းအား ပိုးသတ်ဆေးဖြန်းခြင်းကို မြို့နယ်ကြက်ခြေနီအသင်းက ဇွန်လ (၂၈) ရက်နေ့တွင် ဆောင်ရွက်ပေးသည်ဟု သိရသည်။

ကလောမြို့တွင် နှစ်ရက်အတွင်း စစ်ဆေးတွေ့ရသည့် အတည်ပြုလူနာ (၈) ဦးရှိနေကြောင်း သိရသည်။