တာချီလိတ်နှင့် သိပ်မဝေးသည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံး လေပြင်း မုန်တိုင်းနှင့် မိုးသီးများကြောင့် ပျက်စီးမှုများကို (၃)ရက်အကြာအထိ ရှင်းလင်းနေရဆဲ

တာချီလိတ်နှင့် သိပ်မဝေးသည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံး လေပြင်း မုန်တိုင်းနှင့် မိုးသီးများကြောင့် ပျက်စီးမှုများကို (၃)ရက်အကြာအထိ ရှင်းလင်းနေရဆဲ
ဒီဇင်ဘာ 30, 2019
By Tachileik News Agency
တာချီလိတ်နှင့် သိပ်မဝေးသည့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံး လေပြင်း မုန်တိုင်းနှင့် မိုးသီးများကြောင့် ပျက်စီးမှုများကို (၃)ရက်အကြာအထိ ရှင်းလင်းနေရဆဲ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်အတွင်း မယ်ဆိုင်၊ ချင်းဆဲန်နှင့် မယ်ကျန်းဒေသတို့တွင် နှစ်ပေါင်း (၃၀)အတွင်း အပြင်းထန်ဆုံး မုန်တိုင်းနှင့် မိုးသီးကျရောက် တိုက်ခတ်မှု ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ ညပိုင်းက ဖြစ်ပွားမှုကြောင့် နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး လျှပ်စစ်ဓါတ်အားတိုင်ပေါင်း (၅၉)တိုင် လဲပြိုခဲ့၍ လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

သစ်ပင်ကြီးများ၊ လျှပ်စစ်ဓါတ်အားတိုင်များ လဲပြိုကျနေသဖြင့် အဝေးပြေးလမ်းမ (၂) ခုမှာလည်း ပိတ်ဆို့သွားခဲ့ပြီး ချင်းဆဲန် - မယ်ကျန့်လမ်းမကြီးတွင် လျှပ်စစ်ဓါတ်အားတိုင်ပေါင်း (၁၀)တိုင် လဲကျ ပိတ်ဆို့နေသဖြင့် လေးလမ်းသွားလမ်းမကို နှစ်လမ်းသွားအဖြစ် အသုံးပြုနေရကြောင်း သိရသည်။

လဲပြိုသည့် ဓါတ်တိုင်(၅၉)တိုင်အနက် နေအိမ်အဆောက်အဦများအပေါ် လဲကျသည့် ဓါတ်တိုင်ပေါင်း (၂၀)ထက် မနည်းရှိနေပြီး နေအိမ်အများစုမှာလည်း ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

လမ်းများ၊ နေအိမ်အဆောက်အဦများပေါ် လဲကျပိတ်ဆို့နေသည့် သစ်ပင်များ၊ လျှပ်စစ်ဓါတ်အားတိုင်များကို ရှင်းလင်းဖယ်ရှားနေပြီး လျှပ်စစ်ဓါတ်အားကို အနီးဆုံးဓါတ်အားလိုင်းများမှနေ၍ အရေးပေါ်သုံးစွဲနိုင်ရေးကိုလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စိုက်ခင်းများစွာမှာလည်း မိုးသီးကျမှုကြောင့် ပျက်စီးမှုအများအပြားဖြစ်ပွားခဲ့၍ စိုက်ပျိုးရေးအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ရန် စာရင်းကောက်ယူမှုများကိုလည်း လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; 77kaoded
Photo crd: 77kaoded
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~