ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်သူများ၏ နေအိမ်များအကြား စစ်ကောင်စီတပ်များက မိုင်းထောင်ထား၊ ပြည်သူများ ဘေးကင်းရေးအတွက် KNDF က ဖြုတ်သိမ်း ဖယ်ရှား

ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်သူများ၏ နေအိမ်များအကြား စစ်ကောင်စီတပ်များက မိုင်းထောင်ထား၊ ပြည်သူများ ဘေးကင်းရေးအတွက် KNDF က ဖြုတ်သိမ်း ဖယ်ရှား
ဧပြီ 20, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူများ၏ နေအိမ်ကြား၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများကို ယနေ့ဧပြီလ(၂၀)ရက်နေ့တွင် KNDF က ဖြုတ်ယူသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၏ တိုက်ပွဲဧရိယာအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုနေအိမ်များအကြား ထောင်ထားသော နင်းမိုင်း၊ ရှော့တိုက်မိုင်းနှင့် လက်နက်ကြီးပိုယမ်းတချို့အား ဖြုတ်ယူသိမ်းဆည်းရရှိခဲ့ကြောင်း KNDF B-06 က ထုတ်ပြန်သည်။

‌ဒါ့အပြင် ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာတွင်လည်း အာဏာ သိမ်းစစ်ကောင်စီမှ ထောင်ထားခဲ့သော မိုင်းများကို ယနေ့ဧပြီလ (၂၀)ရက်နေ့တွင် တွေ့ရှိခဲ့သဖြင့် KNDF B 4 က ဖြုတ်ယူသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့နေထိုင်ခဲ့သော  ကျေးရွာများတွင် မိုင်းများ‌ထောင်ထားခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် ကျေးရွာများသို့ အရေးကြီးကိစ္စရပ်များမရှိဘဲ သွားလာခြင်း မပြုလုပ်ရန်နှင့် မပြန်မဖြစ်သော ကိစ္စရပ်များရှိလာပါက မြေပြင်ရဲဘော်များနှင့်ချိတ်ဆက်၍ သွားလာကြရန် မေတ္တာရပ်ခံ ထားသည်။

Photo: KNDF