ကယားပြည်နယ် ဒီးမော့ဆိုတွင် ကားတစ်စီးက တံတားအနီးရှိ တိုင်အားဝင်တိုက်မိပြီး တိမ်းမှောက်ကာ တစ်ဦးသေဆုံး

ကယားပြည်နယ် ဒီးမော့ဆိုတွင် ကားတစ်စီးက တံတားအနီးရှိ တိုင်အားဝင်တိုက်မိပြီး တိမ်းမှောက်ကာ တစ်ဦးသေဆုံး
ဧပြီ 22, 2020
By Tachileik News Agency
ကယားပြည်နယ်  ဒီးမော့ဆိုတွင် ကားတစ်စီးက တံတားအနီးရှိ တိုင်အားဝင်တိုက်မိပြီး တိမ်းမှောက်ကာ တစ်ဦးသေဆုံး

ကယားပြည်နယ်၊  ဒီးမော့ဆိုမြို့နယ်၊ ရွှေယောက်ရပ်ကွက်၊ နန်းစံဖူးချောင်းရေထွက်ပေါက် တံတားအနီးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ ညနေပိုင်းအချိန်တွင်  ဟိုက်ဂျက်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ထွေလွီဘီလာကျေးရွာဘက်မှ ငွေတောင်ဆည်ဘက်သို့ မောင်းနှင်လာသော ဟိုက်ဂျက်ကားတစ်စီးမှာ ဒီးမော့ဆိုမြို့ ၊ ရွှေယောက်ရပ်ကွက် ၊ နန်းစံဖူးချောင်း ၊ ရေထွက်ပေါက် တံတားအနီး ညာဘက်လမ်းဘေးရှိ အတားအဆီး အုတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သောကြောင့် ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဦးမြမောင် အပါအဝင် ကားပေါ်လိုက်ပါလာသော ကိုဝင်းကိုထွေး၊ စိုင်းခမ်းလိတ်တို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ကိုအယ်လီစိုးဆိုသူမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ ငွေတောင်ပြည်နာရေးကူညီမှုအသင်းနှင့် ဖြူစင်မေတ္တာနာရေးကူညီမှု အသင်းက ဒီးမော့ဆိုဆေးရုံနှင့် လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ဒီးမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - AK


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~