ထိုင်းသင်္ကြန် (၆)ရက်မြောက်နေ့၏ တစ်နေ့တည်းတွင် ချင်းရိုင်ဒေသအတွင်း ယာဉ်မတော်တဆမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးမှုလည်းရှိ

Photo: Chiangrai Times
Photo: Chiangrai Times
ထိုင်းသင်္ကြန် (၆)ရက်မြောက်နေ့၏ တစ်နေ့တည်းတွင် ချင်းရိုင်ဒေသအတွင်း ယာဉ်မတော်တဆမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးမှုလည်းရှိ
By Mr John

 ထိုင်းသင်္ကြန်ပွဲတော်ကာလ အန္တရာယ်ရှိသည့် (၆)ရက်၏ (၆)ရက်မြောက်နေ့ဖြစ်သည့် ဧပြီ (၁၆) ရက်နေ့ တစ်နေ့တာအတွင်း  နိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသတစ်ခုလုံးသည် နိုင်ငံတဝန်း ယာဥ်မတော်တဆမှုနှင့် သေဆုံးမှု အများဆုံးအဖြစ် စာရင်းဝင်ခဲ့သည်။



ဧပြီ (၁၆) ရက်နေ့ တစ်နေ့တည်းတွင် ထိုင်းနိုင်ငံတစ်ခုလုံးတွင် ယာဥ်မတော်တဆမှု (၂၄၁) ခု ဖြစ်ပွားခဲ့ရာ လူ (၂၈) ဦး သေဆုံးပြီး (၂၄၆) ဦး ဒဏ်ရာရခဲ့ကြသည်အနက် ချင်းရိုင်ဒေသတစ်ခုတည်းတွင် ယာဥ်မတော်တဆမှု (၁၁) ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၃) ဦးရှိခဲ့သည့်အတွက် တစ်နေ့တည်းတွင် ချင်းရိုင်းက အများဆုံးဖြစ်သည်ဟု ဆိုသည်။

ထိုင်းတွင် နေ့စဥ် လမ်းမများပေါ် ယာဥ်မတော်တဆမှုတွေကြောင့် လူ (၆၀) ခန့် သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အချက်အလက်တွေက ဖော်ပြထားရာ ယခုသေဆုံးမှုအရေအတွက်မှာ လျှော့ပြောထားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။



ဆုမ်ခရန်ပွဲတော် သို့မဟုတ် ထိုင်းသင်္ကြန်ပွဲတော် ကာလအတွင်း ဧပြီ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိကို ယာဥ်မတော်တဆမှုများနှင့် ပတ်သက်ပြီး အန္တရာယ်ရှိသည့် ခုနစ်ရက်အဖြစ် သတ်မှတ်ထားကြောင်း အစိုးရက ပြောသည်။

၂၀၂၂ ခုနှစ် ဆွန်ခရန်ပွဲတော်ကာလအတွင်း ယာဥ်မတော်တဆမှု တားဆီးလျှော့ချရေးဌာန အကြီးအကဲဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Nirat Pongsithithavorn ကတော့ ထိုကိန်ဂဏန်းများမှာ ဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနနှင့် သက်ဆိုင်ရာ ဌာနများထံမှဖြစ်ကြောင်း ပြောခဲ့သည်။



ဧပြီ (၁၆) ရက်နေ့တွင် ယာဥ်မတော်တဆမှုများ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အရှိန်လွန်မောင်းနှင်မှုက (၄၁.၄၉) ရာခိုင်နှုန်းနှင့် အရက်မူးပြီး မောင်းနှင်မှုက (၂၅.၃၁) ရာခိုင်နှုန်း ဖြစ်ကာ ယာဥ်မတော်တဆမှုများတွင် မော်တော်ဆိုင်ကယ်များက (၈၄.၃၄) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ပစ်ကပ်ကားများက (၆.၄၃) ရာခိုင်နှုန်းဖြစ်ပြီး အမြန်လမ်းမများတွင် ယာဥ်မတော်တဆမှုများ၏ (၃၈.၅၉) ရာခိုင်နှုန်းနှင့် ကျေးရွာလမ်းမများတွင် (၃၈.၁၇) ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။



ယာဥ်မတော်တဆမှု အများစုဖြစ်သည့် (၈၀.၉၁) ရာခိုင်နှုန်းမှာ လမ်းဖြောင့်များတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပြီး ယာဥ်မတော်တဆမှု အန္တရာယ်အများဆုံး အချိန်မှာ ညနေ ၆ နာရီမှ ည ၆ နာရီကြားဖြစ်ပြီး ဧပြီ (၁၆) ရက်နေ့တွင်  ယာဥ်မတော်တဆမှုများ၏ (၁၀.၃၇) ရာခိုင်နှုန်းက ထိုအချိန်အတွင်း ဖြစ်ပွားခဲ့သည်။

ထိုင်းသင်္ကြန်ပွဲတော်ကာလ ၂၀၂၂ခုနှစ် ဧပြီ (၁၁) ရက်မှ (၁၇) ရက်နေ့အတွင်း နိုင်ငံတဝန်း ယာဥ်မတော်ဆမှု ၁,၇၂၀ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၇) ဦးနှင့် ဒဏ်ရာရသူ (၁,၆၉၆) ဦးရှိခဲ့ကြောင်း သိရသည်။



Source: Chaing Rai News