ရုရှားနှင့် ယူကရိန်း အကျဉ်းသားများ တတိယအကြိမ် အပြန်အလှန်လဲလှယ်

ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk
ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk
ရုရှားနှင့် ယူကရိန်း အကျဉ်းသားများ တတိယအကြိမ် အပြန်အလှန်လဲလှယ်
By Mr John

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့် စစ်ပွဲအတွင်း တတိယအကြိမ်မြောက်  အကျဥ်းသားအလဲအလှယ်ကို ၂၀၂၂ ခုနှစ် ဧပြီလ (၉) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကျဉ်းသားအလဲအလှယ်လုပ်ခဲ့ကြောင်း ရုရှားလူ့အခွင့်အရေးကော်ရှင်နာ Tatiana Moskalkova က ဧပြီ (၁၀) ရက်တွင် အတည်ပြုခဲ့သည်။



Moskalkova ၏ အဆိုအရ ရုရှားကို ပြန်ရောက်လာသူတွေအနက် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Rosatom ၏ ဝန်ထမ်းလေးဦး၊ စစ်သားများနှင့် အခြား အရပ်သားအချို့တို့ ပါဝင်ကြောင်း သိရသည်။

"ဒီနေ့ မနက်အစောပိုင်းမှာ သူတို့ ရုရှားမြေကို ရောက်လာခဲ့ကြပြီ" ဟု ၎င်းက အွန်လိုင်းပို့စ်တစ်ခုတွင် ပြောထားသည်။



 ရုရှားနှင့် ယူကရိန်းတို့ကြား ဧပြီ (၉) ရက်နေ့က ထရပ်ကားမောင်းသမားများ အလဲအလှယ်လုပ်မှုလည်း ရှိခဲ့ကြောင်း ၎င်းကဆိုသည်။ 



ထိုအလဲအလှယ်တွင် ရုရှား ထရပ်ကားမောင်းသမား ၃၂ ဦး၊ ယူကရိန်း ၂၀ ဦးနှင့် ဘီလာရုစ်နိုင်ငံသား အများအပြား ပါဝင်ကြောင်း သိရသည်။



 ရုရှားနှင့် အကျဥ်းသားလဲလှယ်မှုလုပ်ပြီးနောက် မိမိတို့၏ စစ်သား (၁၂) ဦး နိုင်ငံကို ပြန်ရောက်လာခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk ကလည်း ဧပြီ (၉) ရက်တွင် ပြောခဲ့သည်။ 

အကျဥ်းသားလဲလှယ်မှုအရ အရပ်သား (၁၄) ဦးလည်း ယူကရိန်းကို ပြန်ရောက်လာခဲ့ကြောင်း Iryna Vereshchuk က ပြောသည်။



ရုရှားက အိမ်နီးချင်း ယူကရိန်းကို ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ကျူးကျော်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။



#TachileikNewsAgency

Source: Reuters