ရန်ကုန်တွင် Covid-19 ကုသရေးကူညီပေးပြီးပြန်လာသည့် သူနာပြုအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်သည့် ယာဉ်မောင်းများကို ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့

ရန်ကုန်တွင် Covid-19 ကုသရေးကူညီပေးပြီးပြန်လာသည့် သူနာပြုအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်သည့် ယာဉ်မောင်းများကို ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့
အောက်တိုဘာ 17, 2020
By 🌸
ရန်ကုန်တွင် Covid-19 ကုသရေးကူညီပေးပြီးပြန်လာသည့် သူနာပြုအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်သည့် ယာဉ်မောင်းများကို ပထမအကြိမ် စစ်ဆေးမှုအတွင်း  ပိုးမတွေ့
ရန်ကုန်တိုင်းဒေသကြီးရှိ Covid-19 ရောဂါကုဆေးရုံများတွင် အားဖြည့်တာဝန်ထမ်းဆောင်မှုပြီး၍  ကယားပြည်နယ်သို့ ပြန်လာသည့် သူနာပြုအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်သည့် ယာဉ်မောင်းများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် RDT test kit ဖြင့် ပထမအကြိမ် Covid -19 ပိုးစစ်ဆေးခဲ့ရာ  ပိုးမတွေ့ရှိ ကြောင်း ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
“ဒီနေ့ အားလုံးစစ်ဆေးခဲ့တာ ဟုတ်ပါတယ်ခင်ဗျ။ အကုန် Negative ပါခင်ဗျ။ နောက်တစ်ကြိမ်ကတော့ နောက်တစ်ပတ်ပေါ့။ (၁၄)ရက်ပြည့်ရင် တစ်ခေါက်ထပ်စစ်ပါမယ်။ ” 
ဟု ကယားပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ရောဂါဒုတိယလှိုင်း ဖြစ်ပွားမှု တိုးမြင့်နေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နင့် ဖောင်ကြီးရှိ ကိုဗစ်ရောဂါကုဌာနများတွင် အားဖြည့်တာဝန် ထမ်းဆောင်ရန် စက်တင်ဘာလ (၁၅) ရက်နေ့က ကယားပြည်နယ်မှ ပထမအသုတ်အဖြစ် သူနာပြု (၂၀)ဦးစေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ တစ်လကြာ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍  အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကယားပြည်နယ်သို့ လွိုင်ကော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကား(၁)စီးနှင့် ရွှေလွိုင်ကော် ပရဟိတအဖွဲ့မှ ကား(၃)စီးတို့ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ကယားပြည်နယ်သို့ အောက်တိုဘာလ (၁၆) ရက်နေ့ညပိုင်းက ပြန်လည်ရောက်ရှိ လာသည့် အဆိုပါ သူနာပြု (၂၀) ဦးနှင့် သွားရောက်ခေါ်ဆောင်ပေးခဲ့သည့် ယာဉ်မောင်းများကို လွိုင်ကော်သူနာပြုနှင့်သားဖွား သင်တန်းကျောင်း တွင် Quarantine ထားရှိပြီး COVID 19 စစ်ဆေးပေးခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~