ဖယ်ခုံကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ

ဖယ်ခုံကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| ကယား

 ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက် ကယန်းအုပ်စုကျေးရွာ တစ်ရွာအနီးတစ်ဝိုက်ကို အာဏာသိမ်းစစ်အုပ်စုက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၏ ညတွင် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချသွားခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။

စစ်အုပ်စု၏ နေပြည်တော်လေတပ်စခန်းရှိ တိုက်လေယာဉ်တစ်စီးသည် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ည(၁၁)ခွဲဝန်းကျင်တွင် လာရောက် ချခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိသော်လည်း အဆောက်အဉီးတစ်လုံး၊ သုံးခန်းတွဲ မ်သာတစ်လုံးနှင့် ရေလှောင်ကန်တစ်လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်အုပ်စုသည် စစ်ရေးအရ ရှုံးနှိမ်နေသဖြင့် ပြည်သူလူထုကိုသာ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ဒေသခံများအနေဖြင့် သတိဝိရိယနှင့်နေကာ လေကြောင်းသတင်းများကိုလည်း အချိန်မီသတင်းပေးကြရန် တိုက်တွန်းထားသည်။

 

Photo: PDF Pekhon