လွိုင်ကော် - တောင်ငူလမ်းရှိ သောက်ရေခပ်ကျေးရွာတွင် ချောင်းရေကြီးမှုကြောင့် တံတားပျက်စီးနေ၍ နှစ်ရက်ခန့် သွားလာမှုပြတ်တောက်နိုင်

လွိုင်ကော် - တောင်ငူလမ်းရှိ သောက်ရေခပ်ကျေးရွာတွင် ချောင်းရေကြီးမှုကြောင့် တံတားပျက်စီးနေ၍ နှစ်ရက်ခန့် သွားလာမှုပြတ်တောက်နိုင်

လွိုင်ကော် - တောင်ငူလမ်းပိုင်းရှိ ကရင်ပြည်နယ်အတွင်း သောက်ရေခပ်ကျေးရွာတံတားမှာ မိုးရွာသွန်းမှုများပြားကာ ချောင်းရေကြီးသဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ ပျက်စီးသွားသဖြင့် ခရီးသွားကားများနှင့် ကုန်တင်ကားများ သွားလာ၍ မရသေးကြောင်း အသိပေးထားသည်။

အဆိုပါ လမ်းတံတားမှာ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ တို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသ၊  ကရင်ပြည်နယ် လိပ်သိုမြို့ ၊ ပဲခူးတိုင်းဒေသကြီး  တောင်ငူ မြို့တို့သို့ ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင်ရှိပြီး မိုးရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားကာ ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကရင်ပြည်နယ်၊ သောက်ရေခပ်ကျေးရွာရှိ အဆိုပါတံတားအား ပြန်လည်ပြုပြင်ရန် အချိန် (၂) ရက်ကျော်ကြာနိုင်၍ လွိုင်ကော်- လိပ်သို-တောင်ငူလမ်းမှ သွားလာကြမည့် ခရီးသွားယာဥ်များ ၊ ကုန်တင်ကားများအနေဖြင့် သွားလာ၍ မရသေးကြောင်း ဒေသခံများက အသိပေးထားသည်။ 

Photo - Ai Khin Mg