တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် မဲရုံသို့ မလာရောက်နိုင်သည့် အသက် (၆၀) နှင့်အထက် (၇၀) ဦးခန့်ကို အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူ

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် မဲရုံသို့ မလာရောက်နိုင်သည့် အသက် (၆၀) နှင့်အထက် (၇၀) ဦးခန့်ကို အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူ
နိုဝင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် မဲရုံသို့ မလာရောက်နိုင်သည့် အသက် (၆၀) နှင့်အထက် (၇၀) ဦးခန့်ကို အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ မဲရုံများသို့ လာရောက်နိုင်ခြင်း မရှိသည့် အသက် (၆၀) နှစ်နှင့်အထက် လူ (၇၀)ဦးခန့်ကို အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကောက်ယူမှုများအဖြစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ နေ့လည် (၁) နာရီခန့်က စတင်ခဲ့သည်။
“သူက ရပ်ကွက်၊ ကျေးရွာ အစီအစဉ်နဲ့ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ကတော့ လမ်းမမှားအောင်လမ်းညွှန်ပေးတာပါ။ သွားဖို့ရာအတွက် ညွှန်ကြားချက်က မဲပုံးတွေနဲ့သွား၊ ဆန္ဒပြုခန်းနဲ့သွားပေါ့။ ယာယီမဲပုံးတွေနဲ့လည်း သွားနိုင်တယ်။ ကြိုတင်မဲပုံးထဲမှာ (၂) ရက် (၃) ရက်စာတွေ ပါသွားရင် ပျက်တာ၊ စီးတာ၊ ပျောက်တာတွေ ဖြစ်နိုင်တယ်။ ယာယီမဲပုံးတစ်ခုယူသွားပြီးတော့မှ အားလုံးကြည့်ရှုပြီးတော့ ထည့်လာရင် ရတယ်။ ပါတီတွေကလည်း လိုက်ပါကြည့်ရှုနိုင်တယ်”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသက် (၆၀) နှစ်နှင့်အထက် မဲရုံသို့လာရောက်နိုင်ခြင်း မရှိသည့် သက်ကြီးရွယ်အိုများကို အိမ်တိုင်ရာရောက်ဆန္ဒမဲလက်မှတ် ကောက်ယူရာတွင် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် နိုင်ငံရေးပါတီများမှမဲရုံစောင့်ကြည့်ရေးတာဝန်ပေးအပ်ထားသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း ယင်းသို့ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
နေအိမ်များသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူရာတွင် မဲဆန္ဒရှင် အရေအတွက်များပြားသဖြင့် သတ်မှတ်ထားသော အမှန်ခြစ်တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား ဘောလ်ပင်ဖြင့်အမှန်ခြစ်၍ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊  ကြိုတင်ဆန္ဒမဲလက်မှတ်ပေါ်တွင်မဲရုံမှူး၏ လက်မှတ် သို့မဟုတ် ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကော်မရှင်အဖွဲ့ခွဲတံဆိပ်တုံး သို့မဟုတ် တာဝန်ခံထုတ်ပေးသူ၏ လက်မှတ်နှင့် အမည်ပါရှိသော ဆန္ဒမဲလက်မှတ်၊ လွှတ်တော်အလိုက်ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ် လွှဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာ ဆန္ဒပြုထားသော ဆန္ဒမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ (၃၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ 
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း




 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~