ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
မေ 10, 2019
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က လွယ်လုံကျေးရွာအုပ်စု၊ ၀မ်ပျဲန်ကျေးရွာထိပ်ကျောင်းဘေး လမ်းမပေါ်တွင် ရှောင်တခင် ရှာဖွေစစ်ဆေးမှုများကို ည(၈)နာရီကျော်က ပြုလုပ်နေစဉ် ယန်လောကျေးရွာဘက်က ဆိုင်ကယ်ဖြင့် မောင်းလာသည့် စိုင်းလောင်ဆိုင်းအား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀)ပြား နှင့် ငွေကြပ်(၈၈,၀၀၀)တို့ကို ရှာဖွေတွေ့ရှိရ၍ သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်တရားခံကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပြီး လက်ရှိဖမ်းဆီးရမိထားသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ဝမ်ပျဲန်ကျေးရွာထိပ်ကျောင်းဘေး လမ်းမပေါ်တွင်၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့ ည(၈)နာရီကျော်က ရှောင်တခင်ပိတ်ဆို့ စစ်ဆေးရှာဖွေရာမှ အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးရှာဖွေတွေ့ရှိရ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က လွယ်လုံကျေးရွာအုပ်စု၊ ဝမ်ပျဲန်ကျေးရွာထိပ်ကျောင်းဘေး လမ်းမပေါ်တွင် ရှောင်တခင် ရှာဖွေစစ်ဆေးမှုများကို ည(၈)နာရီကျော်က ပြုလုပ်နေစဉ် ယန်လောကျေးရွာဘက်က ဆိုင်ကယ်ဖြင့် မောင်းလာသည့် စိုင်းလောင်ဆိုင်းအား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀)ပြား နှင့် ငွကြေပ်(၈၈,ဝဝဝ)တို့ကို ရှာဖွေတွေ့ရှိရ၍ သိမ်းဆည်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်တရားခံကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နပြေီး လက်ရှိဖမ်းဆီးရမိထားသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net