ကန်ပက်လက်ရဲစခန်းတွင် အာဏာသိမ်းတပ်များ တန်းစီနေစဉ် CDF က ဝင်ရောက်တိုက်ခိုက်

ကန်ပက်လက်ရဲစခန်းတွင် အာဏာသိမ်းတပ်များ တန်းစီနေစဉ် CDF က ဝင်ရောက်တိုက်ခိုက်
By Tachileik News Agency

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ ရဲစခန်းတွင် အာဏာသိမ်းတပ်၏ တပ်ဖွဲ့ဝင်များက ယမန်နေ့ မတ်လ (၂၇)ရက်က ၎င်းတို့၏ တပ်မတော်နေ့ကျင်းပရန် တန်းစီနေစဉ် CDF Kanpetlet က ဝင်ရောက်တိုက်ခိုက်သည်ဟု သိရသည်။

CDF - Kanpetlet က ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် အာဏာသိမ်းတပ်သား (၂) ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုမှာ အချိန် (၂) နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပြန်လည်တိုက်ခိုက်သည်ဟု သိရသည်။ 

ရဲစခန်းတွင် တပ်စွဲထားသည့် အာဏာသိမ်းတပ်ကို မတ်လ (၂၆) ရက်နေ့ကလည်း CDF – Kanpetlet တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရာ ရဲတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။