တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF-Zoland တိုက်ခိုက်သိမ်းပိုက်

တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို PDF-Zoland တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF-Zolandက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦးသေပြီး တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်ရှိစစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ (၄၀)မမအပါအဝင် လက်နက်ကြီးတချို့နှင့် ကျည်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု PDF-Zolandကဆိုသည်။

နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သည် Mi-35 လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိမ်းရှောင်ခဲ့ရပြီး PDF Zolandမှ ရဲဘော် Pau Tawngကျဆုံးခဲ့ရသည်ဟု သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ် အထိုင်ချစခန်း(၂)ခုကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ဖလမ်းမြို့နယ်၊ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency