တပ်မတော်နေ့တွင် ရဲစခန်းများ အလစ်ဝင်တိုက်ခံရနိုင်၍ အိပ်တဝက် နိုးတဝက်စနစ်ဖြင့် ကင်းစောင့်ရန် ညွှန်ကြား

တပ်မတော်နေ့တွင် ရဲစခန်းများ အလစ်ဝင်တိုက်ခံရနိုင်၍ အိပ်တဝက် နိုးတဝက်စနစ်ဖြင့် ကင်းစောင့်ရန် ညွှန်ကြား
By Tachileik News Agency

တပ်မတော်နေ့တွင် ပြည်သူများ လာရောက်ဂုဏ်ပြုနိုင်ကြောင်း ထုတ်ပြန်ထားသည့် အာဏာသိမ်းစစ်တပ်က ယင်းနေ့တွင် ရဲစခန်းများ အလစ်ဝင်တိုက်ခံရနိုင်၍ အိပ်တဝက်၊ နိုးတဝက်စနစ်ဖြင့် ကင်းစောင့်ကြရန် ရဲတပ်ဖွဲ့ကို ညွန်ကြား‌ထားကြောင်း သိရသည်။

မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် တပ်မတော်နေ့တွင် ရဲစခန်းများ၊ ရဲကင်းစခန်းများအား အလစ်ငိုက်ဝင်တိုက်မည့်သတင်းကို ရရှိထားသဖြင့် လုံခြုံရေးသတိ၊ အသိဖြင့် အိပ်တဝက်၊ နိုးတဝက်စနစ်ဖြင့် လုံခြုံရေးစောင့်ကြပ်ရန်၊ တပ်ဖွဲ့နှင့် မိသားစုဝင်များ တိုက်ခိုက်ခံရမှုမရှိစေရေး ကြမ်မတ်ဆောင်ရွက်ရန်ဟု ညွန်ကြားထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နှင်းရေးတွင် ၎င်းတို့လက်အောက်ရှိ ရဲတပ်ဖွဲ့ကိုပါ အသုံးပြုနေခြင်းဖြစ်သည်။