NUG ကို အသိအမှတ်ပြုရန်နှင့် မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်း

NUG ကို အသိအမှတ်ပြုရန်နှင့် မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်း
By Tachileik News Agency

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်သူ့ကိုယ်စားပြုအစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်ရောင်းချခြင်းကို ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်သွင်းကြောင်း သိရသည်။

ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ Mr.TomAndrew က လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံအကြောင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ကတင်သွင်းရာတွင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းချရန်အပြင် စစ်ရေးအရအသုံးချနိုင်သည့် နည်းပညာများနှင့် လေယာဥ်ဆီများလည်း မရောက်ရှိစေရန် ကောင်စီထံ မရောက်ရှိစေရန် အမြန်ဆုံးရပ်တန့်ရေး တောင်းဆိုထားကြောင်း သိရသည်။

"တစ်နေ့တခြားဆိုးဝါးပြင်းထန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အသေးစိတ် ဖော်ပြထားတာကြည့်ရင်  မြေပြင် အခြေအနေတွေ  မြေပြင်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကောင်းတာကို   တွေ့နိုင်ပါတယ်။"ဟု အမျိုးသားညီညွတ်ရအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုအခြေအနေများနှင့်ပတ်သက်၍ ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်းသည့် အဆိုပါ အစီရင်ခံစာတွင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်မှု  စစ်ရာဇဝတ်မှုမြောက်နေပြီဖြစ်‌ကြောင်းနှင့် ၎င်းရာဇဝတ်မှုများကို အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်သည်မှာ သေချာသည်ဟု ထည့်သွင်းအစီရင်ခံထားကြောင်း သိရသည်။



ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာကို ကြိုဆိုကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့တွင် သဘောထားထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။