မိုင်းတုံမြို့တွင် စစ်အာဏာရှင်အလို မရှိကြောင်း ဆန္ဒထုတ်ဖော်

မိုင်းတုံမြို့တွင် စစ်အာဏာရှင်အလို မရှိကြောင်း ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ အပါအဝင် ဒေသခံပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

မိုင်းတုံမြို့မှ ပြည်သူများက ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက အထက(မိုင်းတုံ)ကျောင်းရှေ့ရှိ ဘောလုံးကွင်းတွင် "ကမ္ဘာမကျေဘူး" သီချင်းသီဆို၍ စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်ဖမ်းဆီးထား သူများ ချက်ချင်းလွတ်၊ အရေးတော်ပုံအောင်ရမည်၊ ပြည်ထောင်စုလွှတ်တော်ခေါ်ယူပေးရေး ဒို့အရး စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

မိုင်းဆတ်ခရိုင်အတွင်းဖြစ်သည့် မိုင်းဆတ်မြို့တွင်လည်း ယနေ့ နံနက်ပိုင်းမှာပင် လူငယ်တစ်စုမှလည်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။

Tachileik News Agency