ပုလောမြို့နယ်တွင်း စစ်ကောင်စီခန့် ရပ်ကျေးများနှင့် ပျူစောထီးများ ပြည်သူနှင့်ပူးပေါင်းကြရန် ပုလော PDF သတိပေးတိုက်တွန်း

ပုလောမြို့နယ်တွင်း စစ်ကောင်စီခန့် ရပ်ကျေးများနှင့် ပျူစောထီးများ ပြည်သူနှင့်ပူးပေါင်းကြရန် ပုလော PDF သတိပေးတိုက်တွန်း

ပုလောမြို့နယ်တွင်းမှ စစ်ကောင်စီခန့် ရပ်ကျေးများနှင့် ပျူစောထီးများ ပြည်သူနှင့်ပူးပေါင်းကြရန် ပုလော PDF သတိပေးတိုက်တွန်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်းမှ  အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် အာဏာသိမ်းတပ် လက်အောက်ခံပျူစောထီးများ ပြည်သူနှင့် ပူးပေါင်းကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ထုတ်ပြန်အသိပေး တိုက်တွန်းထားသည်ကို တွေ့ရသည်။

ကျေးရွာများရှိ စစ်ကောင်စီ၏ အကြီးဆုံးသော ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများအနေဖြင့် ယခု ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီးသည့်နေ့မှစ၍ (၁၅)ရက်အတွင်း လက်ရှိတာဝန်များ ဆောင်ရွက်နေမှုမှ ရပ်ဆိုင်းရန်၊ ကိုင်ဆောင်ထားသော လက်နက်ခဲယမ်းများကို စွန့်လွတ်ရန်နှင့် စစ်ကောင်စီများကို အားပေးကူညီမှု လုံးဝမပြုလုပ်ရန် သတိပေးကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းသို့ သတိပေးပြီးသည့်တိုင်အောင် စစ်ကောင်စီ၏ထောက်တိုင်အဖြစ် ဆက်လက်အားပေးကူညီနေခြင်းနှင့် လက်နက်များ ဆက် လက်ကိုင်ဆောင်ထားမည်ဆိုပါက ပုလောပြည်သူ့ကာကွယ်ရေးတပ်က စစ်ရေးအရ ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဟုလည်း ဖော်ပြထားသည်။

        

 တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းပါက ငွေကျပ်သိန်း(၃၀) ချီးမြှင့်မည်ဖြစ်ကာ လွတ်မြောက်နယ်မြေသို့ ပိုဆောင်ပေးမည်ဟု မတ်လ(၁၆)ရက်ကလည်း ထုတ်ပြန်ထားသည်။