မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ တခုတည်းသာ ကျန်တော့သည့် ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို AA က အပြီးသတ် သိမ်းပိုက်

မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ တခုတည်းသာ ကျန်တော့သည့် ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို AA က အပြီးသတ် သိမ်းပိုက်

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တစ်ခုတည်းသာ ကျန်ရှိတော့သည့် စစ်ကောင်စီတပ်၏ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို လနှင့်ချီ ဝန်းရံပိတ်ဆို့ ဖြတ်တောက်ပြီးနောက် ၂၀၂၄ခုနှစ် ဧပြီလ(၁၂)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထားလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်လာသည်။

မောင်တောမြို့နယ်အတွင်း ကြိမ်ချောင်းဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်က လနှင့်ချီ ဝန်းရံပိတ်ဆို့ ဖြတ်တောက်ပြီးနောက် မတ်လ(၂၃)ရက်နေ့တွင် အရှိန်အဟုန်မြှင့်တင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ကြိမ်ချောင်း ဗျူဟာစခန်းကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)ကျော်နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀)ဝန်းကျင်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် (၁၅၀)ဝန်းကျင်ရှိသော စခန်းဖြစ်၍ အသည်းအသန် ခုခံနေသော်လည်း နောက်ဆုံးတွင် ရက္ခိုင်တပ်တော်ကို အရှုံးပေးလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။



"အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ်  

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲ့မှ အများအပြားသေဆုံးသွားသလို မသေဘက် အသက်ရှင်ကျန်ရစ်သည့် စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်းနှင့် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။  

လက်နက်ချ အညံ့ခံခြင်းမရှိသေးသည့် စစ်ကောင်စီ၏ နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းများကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင် သိမ်းပိုက်သွားမည်ဖြစ်၍ အသက်မသေစေလိုဘဲ ကောင်းမွန်စွာ နေထိုင်လိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် အမြန်ဆုံး လက်နက်ချ အညံ့ခံရန်လည်း သတိပေးထားရှိသည်။