ထိုင်းနိုင်ငံ မဟာချိုင်တွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ရုံး မတ်လ(၂၁)ရက်နေ့က စပြီး ပြန်လည် ဖွင့်လှစ်မည်

ထိုင်းနိုင်ငံ မဟာချိုင်တွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ရုံး မတ်လ(၂၁)ရက်နေ့က စပြီး ပြန်လည် ဖွင့်လှစ်မည်

ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်အတွင်း မဟာချိုင်မြို့တွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ရုံး (Temporary Data Collection Center – TDCC)အား မတ်လ(၂၁)ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ကြေညာလာသည်။

Passport for Job (PJ)လျှောက်ထားလိုသူများအနေဖြင့်  Google Form ဖြစ်သည့် https://forms.gle/ZiuPmsVeGA4C9o366 ကနေ လျှောက်ထားနိုင်သလို TDCC ၏ရုံးလိပ်စာဖြစ်သည့် G7X3+5X3, Tha Chin, Mueang Samut Sakhon District, Samut Sakhon 74000 တွင်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 DEO နံပါတ် 21_11510 ထိကိုလည်း https://bit.ly/3ihDlOr တွင် ကြည့်နိုင်ကြောင်း နှင့် သိချင်လိုသည်များကို ဖုန်း ၀၈၂၇၀၉၃၇၄၅ နှင့် ၀၈၂၇၀၉၂၀၇၅ တို့မှတဆင့် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင် ကြောင်းလည်း အသိပေးထားရှိသည်။

#TachileikNewsAgency

Photo: TDCC