ဖရူဆိုတွင် မြို့မရဲစခန်းနှင့် အာဏာသိမ်းတပ်၏ ခမရ ၅၃၁ တပ်တို့ကို တိုက်ခိုက်ခံရပြီး အာဏာသိမ်းတပ်မှ ၄ ယောက်သေ

ဖရူဆိုတွင် မြို့မရဲစခန်းနှင့် အာဏာသိမ်းတပ်၏ ခမရ ၅၃၁ တပ်တို့ကို တိုက်ခိုက်ခံရပြီး အာဏာသိမ်းတပ်မှ ၄ ယောက်သေ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့တွင် မြို့မရဲစခန်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခမရ(၅၃၁)တပ်ကို ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ (၄)ဦး သေပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု  KNDF B 15 က သတင်းထုတ်ပြန်သည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲအတွင်း KNDF တပ်ရင်းဖက်မှ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဖရူဆိုတွင် မတ်လ(၆)ရက်နှင့် (၈)ရက်နေ့များကလည်း အာဏာသိမ်းစစ်တပ်၏ လေ့ကျင့်ရေးတပ်နှင့် ခမရ(၅၃၁)တပ်ရင်းတို့ကို KNDF တပ်ရင်း ၁၅ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်အတွင်းကို လက်နက်ကြီး၊ တင့်ကား၊ လေယာဉ်ပစ်ကူများဖြင့် ထိုးစစ်ဆင်လျှက်ရှိနေပြီး နေအိမ်အလုံး(၃၀)ကျော်နှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။