ဇွန်လ(၁)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင်၊ အေးဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်ကို လိုက်နာမှသာ ဖွင့်လှစ်ခွင့် ရမည်

ဇွန်လ(၁)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင်၊ အေးဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်ကို လိုက်နာမှသာ ဖွင့်လှစ်ခွင့် ရမည်
မေ 28, 2020
By Tachileik News Agency
ဇွန်လ(၁)ရက်နေ့က စ၍  ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင်၊ အေးဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်ကို လိုက်နာမှသာ ဖွင့်လှစ်ခွင့် ရမည်

Covid-19 ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်များအားလုံးကို ပိတ်ထားရာမှ ဇွန်လ(၁)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များ၊ အအေးဆိုင်များမှ တာဝန်ရှိသူများ၊ ဆိုင်ဝန်ထမ်းများ နှင့် စားသုံးသူများအနေဖြင့် covid-19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ၂၀၂၀ခုနှစ် မေလ(၁၈)ရက်နေ့က ထုတ်ပြန်ပေးထားပြီး ဇွန်လ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည် ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နှင့် အအေးဆိုင်များအနေဖြင့်   covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ၂၀၂၀ခုနှစ် မေလ(၁၈)ရက်နေ့က ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နိုင်ပါက ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ဆိုင်များအနေဖြင့်  ည(၉)နာရီအထိသာ ဖွင့်လှစ်ခွင့်ရှိမည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် မေလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ပြန်လည်ဖွင့်လှစ်လိုသည့် စားသောက်ဆိုင်များသည် သတ်မှတ်ချက်များနှင့် ကိုင်ညီမှုရှိမရှိကို မြို့နယ်အဆင့် Covid ကော်မတီ နှင့် စည်ပင်သာယာရေးဌာနတို့က လိုက်လံ စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~