တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ကို ယာယီပိတ်လိုက်သော်လည်း ကုန်ဈေးနှုန်း မြင့်တက်မှုမရှိရန် တံတား(၂)ကနေ တရားဝင်ကုန်စည်များ ကူးသန်းခွင့်ပြုထား

တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ကို ယာယီပိတ်လိုက်သော်လည်း ကုန်ဈေးနှုန်း မြင့်တက်မှုမရှိရန် တံတား(၂)ကနေ တရားဝင်ကုန်စည်များ ကူးသန်းခွင့်ပြုထား
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ကို ယာယီပိတ်လိုက်သော်လည်း ကုန်ဈေးနှုန်း မြင့်တက်မှုမရှိရန် တံတား(၂)ကနေ တရားဝင်ကုန်စည်များ ကူးသန်းခွင့်ပြုထား 

တာချီလိတ်မြို့ရှိ နယ်စပ်တံတားနှစ်စင်းလုံးကို ထိုင်းနိုင်ငံဘက်က ပိတ်လိုက်ပြီးနောက် အခွန်ဆောင်၍ တင်သွင်းသည့် ကုန်ပစ္စည်းများကို မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှ ပြန်လည်တင်ပို့ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

တံတား (၂)ကို သူတို့ကတော့ ကူးသန်းရောင်းဝယ်ရေးအတွက် ပြန်ပြီးဖွင့်မယ်လို့တော့ ကြားတာပေါ့နော်။ အဲဒါတော့ သူက ဒရိုင်ဘာတစ်ယောက်ပဲပါပြီး လူအနည်းဆုံးနဲ့ ဖြတ်ခွင့်ပြုမယ်လို့ ပြောတယ်

ဟု တာချီလိတ်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်သုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်များကို မယ်ဆိုင်ဘက်မှသာ တင်သွင်းနေသည့် တာချီလိတ်အတွက် ထိုင်းနိုင်ငံဘက်က ကုန်စည်တင်ပို့ရေးအတွက် အမှတ်(၂)တံတားကို ပြန်လည်ဖွင့်ပေးရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက မတ်လ (၂၁)ရက်နေ့ညတွင် အရေးပေါ်အစည်းအဝေးကျင်းပပြီး မယ်ဆိုင်ဘက်တာဝန်ရှိသူများကို ညှိနှိုင်းထားခြင်းဖြစ်သည်။

တံတား(၂)မှ ကုန်စည်တင်သွင်းခွင့် ပြန်လည်ရရှိနိုင်မည်ဖြစ်၍ စက်သုံးဆီများကို ဆီပန့်များက ဈေးမမြှင့်ဘဲ မူလဈေးအတိုင်းသာ ဆက်လက်ရောင်းချသွားကြမည်ဖြစ်ပြီး ကျန်ကုန်ပစ္စည်းများကိုလည်း ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီက မေတ္တာရပ်ခံထားသည်။

ထိုင်းနိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများနေသဖြင့် ရောဂါမပျံ့နှံ့စေရန် နယ်စပ်မှ လူအဝင်အထွက် ကန့်သတ်ရေးအတွက် တာချီလိတ်ဘက်ရှိ နယ်စပ်တံတား အမှတ် (၂)ကို မတ်လ (၁၉)ရက်နေ့ကလည်းကောင်း၊ တံတားအမှတ် (၁)ကို မတ်လ (၂၃) ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံဘက်က ယာယီပိတ်လိုက်ခြင်းဖြစ်သည်။

မတ်လ(၂၃)ရက်နေ့တွင် ချစ်ကြည်ရေးတံတား(၁)အား ပိတ်မည်ဖြစ်သည့်အတွက် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအထိ ဖြတ်သန်းသွာလာခွင့်ရှိမည် ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~