ယူကရိန်းဘက်က ကူညီရန် အမေရိကန်က စာရင်းပေးထားသည့် (၃၀၀၀)ကျော်တွင် စစ်မှူထမ်းဟောင်း အများအပြား ပါဝင်

ယူကရိန်းဘက်က ကူညီရန် အမေရိကန်က စာရင်းပေးထားသည့် (၃၀၀၀)ကျော်တွင် စစ်မှူထမ်းဟောင်း အများအပြား ပါဝင်

ယူကရိန်းနိုင်ငံဘက်ကနေ ရုရှားကို ပါဝင်တိုက်ခိုက်ရန်အတွက် အမေရိကန်နိုင်ငံမှ စာရင်းပေးလာသူမှာ (၃,၀၀၀)ကျော်လာပြီ ဖြစ်ပြီး အဲ့ဒီ (၃,၀၀၀)ကျော်တွင် စစ်မှူထမ်းဟောင်း အများအပြား ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ယူကရိန်း သမ္မတ ဇလန်စကီး က ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို အတူတကွ တွန်းလှန်ကာကွယ်ရာမှာ ပါဝင်လိုသည့် စေတနာ့ဝန်ထမ်းများအနေဖြင့်  သက်ဆိုင်ရာ နိုင်ငံများရှိ ယူကရိန်းသံရုံးများတွင် စာရင်းပေးနိုင်ကြောင်း တရားဝင်ကြေညာလိုက်ပြီးနောက် အမေရိကန်နိုင်ငံသားများလည်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ယူကရိန်းသံရုံးတွင် လာရောက်စာရင်းပေးနေကြခြင်း ဖြစ်သည်။ 

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို ပြန်လည်ခုခံတွန်းလှန်မည့် အခြေအနေဖြစ်သည့်အတွက် ယူကရိန်းနိုင်ငံအတွက် လာရောက်မည့် စေတနာ့ဝန်ထမ်းများအနေဖြင့် စစ်ရေးဆိုင်ရာ အတွေ့အကြုံ နှင့် လေ့ကျင့်မှုများရှိထားရင် ပိုကောင်းမွန်ကြောင်း နှင့် တိုက်ပွဲအတွက် မဟုတ်ရင်တောင် တိုက်ပွဲအတွင်း ဆေးဘက်ဆိုင်ရာနေရာများတွင်လည်း ပါဝင်ကူညီနိုင်မည်ဟု ယူကရိန်းအရာရှိများက အသိပေးထားရှိသည်။ 

လက်ရှိတွင် ယူကရိန်းနိုင်ငံအတွက် လက်နက်ကိုင် တိုက်ခိုက်မည့် စေတနာ့ဝန်ထမ်း အများအပြား စာရင်းပေးထားရာတွင် ဥပရောပအတွင်းရှိ နိုင်ငံများမှ စစ်ပြန်အများအပြား ပါဝင်ကြောင်း ကမ္ဘာသတင်းမီဒီယာများက ဖော်ပြထားရှိသည်။

 

Source: Insider, Military Times