သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးအယောင်ဆောင်ထားသည့် ပျူစောထီး အဖွဲ့က ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးနေ၍ ဒေသကာကွယ်ရေးအဖွဲ့(၂)ဖွဲ့က သွားရောက် တိုက်ခိုက်ရာမှ ပျူစောထီး (၅)ဦး သေဆုံး

သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးအယောင်ဆောင်ထားသည့် ပျူစောထီး အဖွဲ့က ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးနေ၍ ဒေသကာကွယ်ရေးအဖွဲ့(၂)ဖွဲ့က သွားရောက် တိုက်ခိုက်ရာမှ ပျူစောထီး (၅)ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း‌ကျေးရွာရှိ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးအယောင်ဆောင်ထားသည့် ပျူစောထီး အဖွဲ့က   ယနေ့မတ်လ(၃)ရက်တွင် ဝယာကျေးရွာကို နှစ်ဖွဲ့ခွဲကာ ဝင်ရောက်လာပြီး အိုးအိမ်များကို မီးရှို့ ဖျက်ဆီးသွားသဖြင့် ၎င်းတို့လာရာလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး (၅)ဦးသေကြောင်း ချောင်းဦး PDF ထံမှ သိရသည်။

ပျူစောထီးတစ်ဖွဲ့မှာ ဝယာကျေးရွာရှိ ပြည်သူတစ်ဦး ပိုင် အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကွမ်းခြံအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာ နောက်တစ်ဖွဲ့မှာ  သေနတ်များဖြင့် ပစ်ဖောက်ခဲ့ကြသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လာရာလမ်းတွင် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် (C.R.A) နှင့် Chaung U Local Defence Force (CHU- LDF) နှစ်ဖွဲ့မှ ပဒေသာမိုင်းနှစ်လုံးဖြင့်  မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။