ဆိပ်ဖြူမြို့နယ်တွင် စစ်ကားများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  (၅)ဦးသေဆုံး

ဆိပ်ဖြူမြို့နယ်တွင် စစ်ကားများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  (၅)ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်  (၅)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ ဧပြီလ (၃၀)တွင် ဆိပ်ဖြူမြို့နယ်၊ (၁၀) မိုင်လမ်းဆုံဂိတ်မှထွက်လာသည့် စစ်ကား (၂)စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၇)တွင်လည်း ဆိပ်ဖြူမြို့ပေါ်မှထွက်လာသည့် စစ်ကား (၁)စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃)NSPတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency