ရေစကြိုမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများ ယူဆောင်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ

ရေစကြိုမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများ ယူဆောင်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရ
အောက်တိုဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

ရေလယ်ကျွန်းဒေသမှ စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်စောက်ကျေးရွာမှ နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ နွားလှည်းဖြင့် ပစ္စည်းများတင်ဆောင်လာရာ ညောင်စောက်ရွာနှင့် မဲကုန်းရွာကြားတွင် ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိခဲ့သဖြင့် လက်နက်ကြီးနှင့်ပစ်ခတ်၍ ဒဏ်ရာရစစ်ကောင်စီတပ်သားများအား လာရောက်ကယ်ထုတ်သွားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသ စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency