ပူတင်ကြောင့် ရုရှားလေကြောင်းလိုင်း အပါအဝင် နိုင်ငံတကာ လေကြောင်းများ အချိန်နှင့်စရိတ် ပိုကုန်

ပူတင်ကြောင့် ရုရှားလေကြောင်းလိုင်း အပါအဝင် နိုင်ငံတကာ လေကြောင်းများ အချိန်နှင့်စရိတ် ပိုကုန်

ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြစ်ပေးအရေးယူမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုရှားနှင့် အီးယူ လေပိုင်နက်များကို ပိတ်လိုက်ခြင်းကြောင့် ရုရှားလေကြောင်းလိုင်းများမှာ အချိန်ပိုသုံးစွဲရသလို ကုန်ကျစရိတ်လည်း ပိုများလာသည့်အတွက် အချို့လေကြောင်းလိုင်းများမှာ ခရီးစဉ်အချို့ကို ယာယီးရပ်ဆိုင်းကြကြောင်း  ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြထားကြသည်။

 FlightRadar24 [

ရုရှား နိုင်ငံ၏ Aeroflot လေကြောင်းလိုင်းသည် ဆားဘီးယားနိုင်ငံ  ဘဲလ်ဂရိတ်မြို့မှ ရုရှားနိုင်ငံ မော်စကိုသို့ ပျံသန်းရာတွင် ယခင်က အချိန် (၂)နာရီခွဲကျော်သာ ကြာမြင့်ခဲ့ရာမှ ယခုအခါတွင် လေပိုင်နက်များ ပိတ်ပင်မှုများကြောင့် ကွေ့ပတ်သွားလာနေရသည့်အတွက် ကြာမြင့်ချိန်မှာ (၅)နာရီ နှင့် (၄၅)မိနစ်အထိ အချိန်များစွာ အသုံးပြုခဲ့ရကြောင်း  FlightRadar24 ၏ ​​အချက်အလက်များအရ သိရသည်။

ယခုလို လေပိုင်နက်များ ပိတ်လိုက်သည့်အတွက် လမ်းလွှဲများကနေ သွားရခြင်းကြောင့် လုပ်အားနှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်များ အပြင် လောင်စာဆီ စရိတ်များ တိုးမြှင့်လာနိုင်သလို ခရီးသည်နှင့်ကုန်တင်ခနှုန်းထားများလည်း တိုးမြှင့်လာနိုင်ဖွယ်ရှိသည်ဟု   လေ့လာသူများက သုံးသပ်ထားကြသည်။

ခရီးသည်တင် လေယာဉ်များအနေဖြင့် လမ်းကြောင်း ပြောင်းလိုက်ရခြင်းများအတွက် တစ်နာရီလျှင် ပုံမှန်ထက် ဒေါ်လာ (၄,၀၀၀)မှ (၁၂,၀၀၀)အထိ အပိုကုန်ကျနိုင်ဖွယ်ရှိသည်ဟု နယူးယောက်အခြေစိုက် လေကြောင်းအတိုင်ပင်ခံ ရောဘတ်မန်း က ABC News ကို ပြောကြားထားသည်။

လန်ဒန်အခြေစိုက်  Virgin Atlantic Airways သည် လန်ဒန်နှင့် ရှန်ဟိုင်းအကြား လေကြောင်းဖြင့် ကုန်စည်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းထားပြီး  ဖင်လန်အခြေစိုက် Finnair သည်လည်း တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယားရှိ ပျံသန်းမှုများ ရပ်ဆိုင်ထားပြီး စင်္ကာပူလေကြောင်းလိုင်းသည်လည်း ရုရှားသို့ ပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားကြောင်း WSJ ၏ ဖော်ပြထားချက်အရ သိရသည်။  

ရုရှားနိုင်ငံသည် ယူကရိန်နိုင်ငံအပေါ် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က စပြီး အထူးစစ်ဆင်ရေးအနေဖြင့် ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အမေရိကန် အပါအဝင် EU တို့က ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ပြုလုပ်ရာတွင် လေကြောင်းပြေးဆွဲမှုများလည်း အပါအဝင်ဖြစ်ပြီး ရုရှား၏ လုပ်ရပ်ကို လက်မခံနိုင်သည့် နိုင်ငံများက လေပိုင်နက်များပါ ပိတ်ထားခြင်းလည်း ဖြစ်သည်။

Source: WSJ , Insider, ABC News