အမ်းမြို့နယ်အတွင်း ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး (၄)ဦး သေဆုံး

ယာဉ်တိမ်းမှောက်စဉ် [ Photo: CJ ]
ယာဉ်တိမ်းမှောက်စဉ် [ Photo: CJ ]
အမ်းမြို့နယ်အတွင်း ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်ပြီး (၄)ဦး သေဆုံး

နေပြည်တော်မှ ရခိုင်ပြည်နယ်သို့ ဗုဒ္ဓရုပ်ပွားတော်(၂)ဆူပင့်ဆောင်လာသည့် ယာဉ်သည် အမ်းမြို့နယ်အတွင်း ကံမြင်ကန်ကျေးရွာအနီးတွင် တိမ်းမှောက်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား (၄)ဦးသေဆုံးသွားကြောင်း သိရသည်။

ကမ်းထောင့်ကြီးမြို့တွင် ပူဇော်ခံရန်အတွက် နေပြည်တော်မှ လာစဉ် ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၁)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က အမ်းမြို့ ကံမြင်ကန်ကျေးရွာအနီးသို့ အရောက်တွင် အရှိန်းမထိန်းနိုင်တော့ဘဲ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိမ်းမှောက်သွားမှုကြောင့် (၄)ဦးမှာ နေရာတွင်သေဆုံးသွားပြီး (၉)ဦးဒဏ်ရာရရှိပြီး  ဗုဒ္ဓရုပ်ပွားတော်(၂)ဆူမှာလည်း ပျက်စီးသွားနှင့် ဒဏ်ရာရရှိသူများတွင် ရဟန်းသံဃာ နှင့် သီလရှင် ပါဝင်ကြောင်း သိရသည်။