မင်းတပ်မြို့တွင် တိုက်ပွဲများဖြစ်နေပြီး အရပ်သားများဖမ်းဆီးခံနေရ

မင်းတပ်မြို့တွင် တိုက်ပွဲများဖြစ်နေပြီး အရပ်သားများဖမ်းဆီးခံနေရ

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မင်းတပ်မြို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ကစတင်ပြီး (၂၆)ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က အရပ်သား(၆)ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့နှင့် မင်းတပ်မြို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ကစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၂၃)ရက်နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် ဆက်သွယ်ရေးရုံးအနီးတွင် တိုက်ပွဲထပ်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးဘဲ ဩဂုတ်လ (၂၅)ရက်နေ့တွင် အရပ်သား(၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု CDF မင်းတပ်က ဆိုသည်။

ဩဂုတ်လ (၂၆)ရက်နေ့တွင် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တစ်နေရာတွင် ထပ်မံတိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးကာ (၇)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့တွင်ပင် မြို့တွင်းပစ်ခတ်မှုအတွင်း အရပ်သား(၄)ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားများအား ဖမ်းဆီးမှု ပိုမိုများပြားလာသဖြင့် ပြည်သူများ အထူးသတိပြုနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency