ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့ ဘယ်လာရုစ်နယ်စပ်တွင် တွေ့ဆုံမည်

ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့တို့ ဘယ်လာရုစ်နယ်စပ်တွင် တွေ့ဆုံမည်
ဖေဖော်ဝါရီ 27, 2022 | နိုင်ငံတကာသတင်း

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒာလုခ်ရှန်ကို၏ တွေ့ဆုံမှုရလဒ်အဖြစ် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားတို့ ယူကရိန်း - ဘယ်လာရုစ်နယ်စပ်တွင် တွေ့ဆုံရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတက ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ညပိုင်းတွင် ထုတ်ဖေါ်ပြောကြားထားသည်ကို တွေ့ရသည်။ 

ကြိုတင်ညှိနှိုင်းချက် မပါသည့် အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွက် ဘယ်လာရုစ်သမ္မတက စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲ ထွက်ခွာချိန်မှ ပြန်ရောက်ချိန်အထိ ဘယ်လာရုစ်မြေတွင် ဖြစ်ပျက်သမျှကို တာဝန်ခံရမည် ဖြစ်ကြောင်း သိရသည်။

ရုရှားက ယူကရိန်းနိုင်ငံကို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့မှစ၍ ကျူးကျော်တိုက်ခိုက်နေမှုကို ယူကရိန်းနိုင်ငံသမ္မတ၊ စစ်တပ်နှင့် ပြည်သူများ ပူးပေါင်းခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။