စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံ့လက်ရွေးစင် ကစားသမားများကို ပိုမိုကောင်းမွန်သည့် ထောက်ပံ့မှုပေးရန်နှင့် အနားယူချိန်အတွက် ပြင်ဆင်ပေးရန် စီစဥ်

စင်ကာပူ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံ့လက်ရွေးစင် ကစားသမားများကို ပိုမိုကောင်းမွန်သည့် ထောက်ပံ့မှုပေးရန်နှင့် အနားယူချိန်အတွက် ပြင်ဆင်ပေးရန် စီစဥ်
By Mr John

 စင်ကာပူနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Football Association of Singapore (FAS) က နိုင်ငံ့လက်ရွေးစင်အသင်း ကစားသမားများကို ပိုမိုကောင်းမွန်သည့် ထောက်ပံ့မှုပေးရန်နှင့် အနားယူသွားသည့် ကစားသမားများအတွက်လည်း ပံ့ပိုးစီစဥ်ပေးရန် အစီအစဥ်သစ်ကို ၂၀၂၃ခုနှစ် ဇွန်လ (၂၂) ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

စင်ကာပူလက်ရွေးစင် ကစားသမားဟောင်း Baihakki Khaizan ဦးဆောင်သည့် FAS Players' Concierge က လက်ရှိကစားသမားများ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် ထောက်ပံ့မှုစနစ်ဖြစ်ပြီး အနားယူသွားသည့် ကစားသမားများအတွက်လည်း ကစားသမားဘဝ နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် လွယ်ကူချောမွေ့စေရေး လိုအပ်သည်များကို ပံ့ပိုးပေးရန်ဖြစ်ကြောင်း FAS ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

FAS Players’ Concierge က နိုင်ငံ့လက်ရွေးစင်ကစားသမားများ လူမှုဖူလုံရေး အစီအစဥ်ကို ကဏ္ဍ (၂) ခုဖြင့် စီစဥ်ထားပြီး ၎င်းတို့၏ နိုင်ငံတကာပွဲစဥ် အရေအတွက်အပေါ် အခြေခံ၍ နိုင်ငံ့လက်ရွေးစင် ကစားသမားများအတွက် ငွေသားချီးမြှင့်ခြင်းနှင့် ပညာသင်ဆုပေးအပ်ခြင်းတို့ ပါဝင်သည်။ 

 

 

Source: CNA