ဘန်ကောက်တွင် (၁၃)နှစ်ကျော် လစာမရဘဲ အတင်းအကြပ် အလုပ်စေခိုင်းခံနေရသည့် မြန်မာအမျိုးသမီးကို ထိုင်းတာဝန်ရှိသူများ ကယ်တင်

ဘန်ကောက်တွင် (၁၃)နှစ်ကျော် လစာမရဘဲ အတင်းအကြပ် အလုပ်စေခိုင်းခံနေရသည့် မြန်မာအမျိုးသမီးကို ထိုင်းတာဝန်ရှိသူများ ကယ်တင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိနေအိမ်တွင် လုပ်ခလစာမရဘဲ အတင်းအကြပ် အလုပ်စေခိုင်းခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦးကို တာဝန်ရှိသူများက ကယ်ထုတ်ထားပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အလုပ်သမားကာကွယ်ရေးကွန်ယက်က အထူးစုံစမ်းရေးဌာနကို ဆက်သွယ်အကူအညီတောင်းမှုကြောင့် ဘန်ကောက်ရှိ နေအိမ်တစ်လုံးတွင် (၁၃)နှစ်ကျော် ပိတ်လှောင်ပြီး အဓမ္မအလုပ်စေခိုင်းခံထားရသည့် အသက် (၂၆) နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ဒီဇင်ဘာလ (၄) ရက်နေ့၌ ထွက်ပြေးလာနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အထူးစုံစမ်းရေးအဖွဲ့က အဆိုပါအမျိုးသမီး ပိတ်လှောင်ခံထားရသည့်နေအိမ်အနီးတွင် စုံစမ်းထောက်လှမ်းပြီး လူကုန်ကူးမှုကာကွယ်ရေးဥပဒေအရ ကယ်ထုတ်လာခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသမီးမှာ အားနည်းပြီး ကြောက်ရွံ့နေပြီး နေအိမ်မှ ချက်ချင်းကယ်ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

လတ်တလော ရရှိသည့်အချက်အလက်များအရ မြန်မာအမျိုးသမီးမှာ အဆိုပါနေအိမ်တွင် လစာမရဘဲ အလုပ်လုပ်နေရသည်မှာ (၁၃)နှစ်ကျော်နေပြီး မည်သည့်ခုနှစ်က ရောက်လာသည်ကိုပင် မမှတ်မိတော့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးအား လူရောစိတ်ပါကျန်းမာရေး ပြန်လည်ထူထောင်နိုင်ရန် လုပ်ဆောင်ပေးနေပြီး အသေးစိတ်စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်မည်ဟု သိရသည်။

Source: Bangkok Post