တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၆)ဦး ဆေးရုံဆင်း

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၆)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၆)ဦး  ဆေးရုံဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကုသဆောင်များမှ COVID 19 အတည်ပြုလူနာ ကလေး (၁)ဦးအပါအဝင် စုစုပေါင်း (၆) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၇၇)ဦး ရှိလာပြီဖြစ်သည်။ 

ယနေ့ ဆေးရုံဆင်းခွင့်ရသွားသည့် (၆)ဦးမှာ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် နှင့် ဆေခမ်းရပ်ကွက်အတွင်းတို့က ပါဝင်ကြောင်း သိရသည်။
အတည်ပြုလူနာ အမျိုးသမီး (၅)ဦးနှင့် အသက် (၃)နှစ်အရွယ် မိန်းကလေးငယ် (၁)ဦးတို့ ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်၍ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၆)ရက်နေ့အတွင်း ဆေးရုံဆင်းခွင့်ရသူ (၇၇) ဦး ရှိလာပြီဖြစ်သည်။ 
အတည်ပြုလူနာအဖြစ် ကုသဆောင်များတွင် (၁၁)ရက်တိတိ စောင့်ကြည့် ထားရှိပြီးနောက် သတ်မှတ်ရက်ပြည့်သွားပါက နေအိမ်သို့ ပြန်ခွင့်ရသော်လည်း နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့ ညနေပိုင်းအထိ အတည်ပြုလူနာ (၁၀၀) ဦးရှိရာတွင် ဆေးရုံမှဆင်းခွင့်ရသူမှာ (၇၇) ဦးရှိပြီဖြစ်၍ လက်ရှိတွင် (၂၃)ဦး ကျန်ရှိနေသည်။ 
Tachileik News Agency
ဓါတ်ပုံ - ကိုရဲ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~