ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို နန်းမယ်ခုံဒေသ အလူးအလဲ ခံနေရ

Photo: CJ
Photo: CJ
ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို နန်းမယ်ခုံဒေသ အလူးအလဲ ခံနေရ
ဖေဖော်ဝါရီ 24, 2022 | ကယား

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နမ်းမယ်ခုံမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ကတည်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ယနေ့နံနက်ပိုင်းတွင်လည်း လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ကရင်နီပြည်နယ် လွိုင်ကော်ကြားဒေသဖြစ်သည့် နမ့်မယ်ခုံ (နန်းမယ်ခုံ)ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ကတည်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် မိုးဗြဲဘက်တွင်လည်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

 

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ခံနေရသည့် နန်းမယ်ခုံမြို့ကို KNDF မှ နယ်မြေထိန်းချုပ်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသခံများမှာ ယမန်နေ့ကတည်းက ညတွင်းချင်း စစ်ဘေးရှောင်နေကြကြောင်း သိရသည်။