ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ် [ ၂၁.၅.၂၀၂၁ ]

ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ် [ ၂၁.၅.၂၀၂၁ ]
မေ 22, 2021 | ကယား

ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ်

[ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ည(၁၁း၅၉) နာရီထိ ]

⭕ ဒီးမော့ဆိုမြို့၊ ဒေါငံခါးအုပ်စု မားနာပလော့ ရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အာဏာသိမ်းအကြမ်းဖက်အဖွဲ့တို့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှ (၄)ဦးခန့်ကျဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

⭕ ဒီးမော့ဆိုမြို့ နယ် ဒေါခလိုက်လင်းရွာအနီး ညောင်ကိုင်းတွင် စစ်ကောင်စီ တပ်နှင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  စစ်ကားသုံးစီး မီးလောင်၍ စစ်ကောင်စီဖက်မှ အကျအဆုံးများနိုင်ပြီး ဒေသခံဖက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ 

⭕ ဒီးမော့ဆိုမြို့မရဲစခန်း၏ အနောက်ဖက်ခြမ်းအား  ညနေ (၃)နာရီကျော်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

⭕ ဒီးမော့ဆိုမြို့ အဝင် ထူလွီးဗီလာ ကျေးရွာရှိ စစ်ကောင်စီဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ  ညနေ (၅)နာရီ (၅၀)မိနစ်အချိန်တွင် တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေသွားကြောင်း သိရသည်။

⭕ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်များနှင့် တိုက်ခိုက်မှု ဖြစ်ပွားနေသည့် ဒီးမော့ဆိုပြည်သူများကို အားပေးသည့်အနေဖြင့် လွိုင်ကော်မြို့မှ စစ်အာဏာရှင်ကို မလိုလားသည့် ပြည်သူများ စုပေါင်းပြီး "ဒီမော့ဆို-ဒေါငံခါး နှင့် အတူရပ်တည်ကြောင်း"ဆန္ဒထုတ်ဖော်မှုကို   ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။

⭕ လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်များ အတွင်း  မေလ (၂၁)ရက်နေ့ည (၇)နာရီခွဲ အချိန်ဝန်းကျင်ကစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြား နေရသည်။ 

⭕ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်  ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း၍  ကယားပြည်နယ်တွင်းမှ အာဏာသိမ်း စစ်ကောင်စီ၏ ဂိတ်စခန်း (၃)ခုကို ယနေ့တစ်နေ့တာအတွင်း သိမ်းလိုက်နိုင်ကြောင်း သိရသည်။

⭕ အာဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့၏ တိုက်ပွဲများကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းမှ ဒေသခံများမှာ စစ်ဘေးလွတ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေကြရကြောင်းသိရသည်။

#TachileikNewsAgency #TNADaily #TNANewsinBrief