
ဧပွီ 26, 2019
By 🌸




သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - MK

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွိုင်ကော်အကျဉ်းထောင်အကျဉ်းသား အကျဉ်းသူ (၈၄)ဦးလွတ်မြောက်
*********
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၈၄) ဦးအား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် လွတ်မြောက်လာပြီး အများစုမှာ မူးယစ်မှုဖြင့်ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ဖြင့် လွိုင်ကော်အကျဉ်းထောင်မှလွတ်သင့် လွတ်ထိုက်သော အကျဉ်းသား (၆၇) ဦး၊ အကျဉ်းသူ (၁၇) ဦး စုစုပေါင်း (၈၄)ဦးအား ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်ခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲလွှတ်ပေးခြင်းဖြစ်ရာ အများစုမှာ မူးယစ်ပုဒ်မများဖြင့် အကျဉ်း ကျခံနေရသူများ ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်၊ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသားအကျဉ်းသူ(၆၉၄၈) ဦးအား  လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြီးခဲ့သည့် ဧပြီလ (၁၇) ရက်နေ့တွင် လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ (၉၃)ဦးအား လွတ်မြောက်ခဲ့ပြီး ဧပြီလ (၂၆) ရက်နေ့တွင် (၈၄) ထပ်မံ လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ္ပံု - MK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net