မိုးဗြဲတွင် ဒဏ်ရာရ ပြည်သူ့ဘက်တော်သား ရဲဘော်များကို ဆေးကုသမှုပေးရင်း လက်နက်ကြီး ထိမှန်ကျဆုံးသွားသည့်   ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို ယနေ့  မီးသင်္ဂြိုလ်

Photo: Karenni Democratic Front - KDF
Photo: Karenni Democratic Front - KDF
မိုးဗြဲတွင် ဒဏ်ရာရ ပြည်သူ့ဘက်တော်သား ရဲဘော်များကို ဆေးကုသမှုပေးရင်း လက်နက်ကြီး ထိမှန်ကျဆုံးသွားသည့်   ဒေါက်တာအောင်ကြီး၏ ရုပ်အလောင်းကို ယနေ့  မီးသင်္ဂြိုလ်
ဖေဖော်ဝါရီ 21, 2022 | ရှမ်းတောင်

 ရှမ်း - ကရင်နီ(ကယား) နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၏ တိုက်ပွဲအတွင်း ဒဏ်ရာရ ပြည်သူ့ဘက်တော်သား ရဲဘော်များကို ဆေးကုသမှုပေးနေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျဆုံးခဲ့ရသည့် ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင်၏ ရုပ်အလောင်းအား ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း KDF က သတင်းထုတ်ပြန်ထားသည်။

 ဒေါက်တာစွမ်းထက်အောင်၏ ရုပ်အလောင်းအား ကျဆုံးပြီး (၃)ရက်အကြာတွင် မိုးဗြဲ PDF မှ အခက်အခဲများကြားမှ ကြိုးစား၍ ပြန်လည်သယ်ဆောင်ပေးလာခဲ့ပြီး ယနေ့ နေ့လည်ပိုင်းတွင်  မိသားစုဝင်များ၏ တောင်းဆိုချက်အရ မီးသင်္ဂြိုလ် ပေးခဲ့ကြောင်း သိရသည်။



  

ကရင်နီဒီမိုကရက်တစ်တပ်ဦး ( Karenni Democratic Front - KDF )၏  ဆေးအဖွဲ့ဝင်ဖြစ်သော ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင်အား ဆုံးရှုံးခဲ့ရမှုသည် အင်မတန်ဝမ်းနည်းရပါကြောင်းနှင့်  ကျဆုံးသွားလေသော ဒေါက်တာစွမ်းထက်အောင်အား အာဇာနည်သူရဲကောင်းအဖြစ် အစဉ်ထာဝရ အသိအမှတ်ပြုပါကြောင်း ထုတ်ပြန်ထားသည်။