COVID 19 နှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင်း ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ တိကျစွာ လိုက်နာရမည့် အချက်များကို ပြည်နယ် ကိုဗစ်ကော်မတီထုတ်ပြန်

COVID 19 နှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင်း ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ တိကျစွာ လိုက်နာရမည့် အချက်များကို ပြည်နယ် ကိုဗစ်ကော်မတီထုတ်ပြန်
သြဂုတ် 21, 2020
By Tachileik News Agency
COVID 19 နှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင်း ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ တိကျစွာ လိုက်နာရမည့် အချက်များကို ပြည်နယ် ကိုဗစ်ကော်မတီထုတ်ပြန်
ရခိုင်ပြည်နယ်တွင် COVID 19 ပြည်တွင်းကူးစက်မှုများ တွေ့နေရသဖြင့် ပြည်သူများ တိကျလိုက်နာရမည့်အချက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့၌ ထုတ်ပြန်လိုက်သည်။
"ရခိုင်မှာတွေ့တဲ့ လူနာအမှတ် (၃၇၅)တွေ့ပြီး သူနဲ့ဆက်စပ်သူရော၊ ဆက်စပ်မှု မရှိသူတွေရောတွေ့နေရတဲ့အတွက် ပြည်တွင်းကူးစက်မှု ရှိနေတယ်လို့ သုံးသပ်တာပေါ့။ အများပြည်သူကြား  ရောဂါလက္ခဏာပြသခြင်းမရှိသေးသူများ ရှိနေနိုင်တော့ ကျွန်တော်တို့ မြို့နယ်ကိုဗစ်ကော်မတီတွေကို တပ်လှန့်တာ ထပ်လုပ်တာပါ။ ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်တာတွေကို နေ့စဉ် နေ့စဉ် hand လော်စပီကာလေးနဲ့ အော်ပေးဖို့ရယ်၊ ပြည်သူတွေလိုက်နာရမယ့် အချက်တွေကို ထပ်ပြီး ထုတ်ပြန်တာပါ။ အခုက ကျွန်တော်တို့ ပြည်သူတွေက Mask တပ်ဖို့ကအစ လိုက်နာမှု တော်တော် အားနည်းလာတာကိုလည်း တွေ့ရတယ်။"ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၂၁)ရက်နေ့တွင် ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိတွေ့နေရသည့် ပြည်တွင်းကူးစက်မှု အနေအထားကြောင့် COVID 19 ဒုတိယလှိုင်း မဖြစ်စေရေးအတွက် ပြည်သူများ တတ်နိုင်သမျှ မိမိအိမ်တွင်နေရန်၊ လူစုလူဝေးရှိရာသို့ မလိုအပ်ဘဲ မသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပေးရန်၊ နိုင်ငံခြားမှ ပြန်လာသူများအား quarantine ထားခြင်းကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်၊ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ သို့မဟုတ် သံသယလက္ခဏာရှိသူများ နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံး သတင်းပို့ရန်၊ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့သူများအား ရှာဖွေဖေါ်ထုတ်ခြင်းလုပ်ငန်းစဉ်များကို အပြည့်အဝ ပူးပေါင်းကြရန် ကို ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၄၀၉)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~