ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက တာဝန္ယူေဖာက္လုပ္သည့္ ကေလာ-ေတာင္ႀကီး (၄) လမ္းသြားႏိုင္လြန္ကတၱရာလမ္းပိုင္းကို ေမလ (၁)ရက္ေန႔တြင္ ဖြင့္လွစ္မည္

ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက တာဝန္ယူေဖာက္လုပ္သည့္ ကေလာ-ေတာင္ႀကီး (၄) လမ္းသြားႏိုင္လြန္ကတၱရာလမ္းပိုင္းကို ေမလ (၁)ရက္ေန႔တြင္ ဖြင့္လွစ္မည္
ဧပြီ 27, 2019
By 🌸

ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ယူေဖာက္လုပ္ေနသည့္ မိတၳီလာ - ေတာင္ႀကီး- က်ဳိင္းတံု-တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ အစိတ္အပိုင္း ကေလာ-ေတာင္ႀကီး (၄) လမ္းသြားႏိုင္လြန္ကတၱရာလမ္းပိုင္းကို ၂၀၁၉ ခုႏွစ္၊ ေမလ (၁) ရက္ေန႔တြင္ ဖြင့္ပြဲက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက မိတၳီလာ-ေတာင္ႀကီးလမ္းပိုင္းကို (၄) လမ္းသြားလမ္းမႀကီးအျဖစ္ ေဖာက္လုပ္ေနျခင္းျဖစ္ၿပီး ၿပီးစီးသြားသည့္ ကေလာ-ေတာင္ႀကီး (၄) လမ္းသြားႏိုင္လြန္ကတၱရာလမ္းပိုင္းကို ဖြင့္ပြဲက်င္းပဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေမလ (၁) ရက္ေန႔ဖြင့္ပြဲလုပ္မွာပါ။ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ေဆာက္လုပ္ေရးဝန္ႀကီးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တက္မွာပါ"ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ ဒါ႐ိုက္တာ ဦးထြန္းထြန္းလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီအေနျဖင့္ မိတၳီလာ-ေတာင္ႀကီးလမ္းပိုင္းကို ၂၀၀၈ ခုႏွစ္ကတည္းက BOT စနစ္ျဖင့္ရယူကာ မူလ (၁၂) ေပအက်ယ္လမ္းကို (၂၄) ေပအက်ယ္လမ္းမႀကီးအျဖစ္ တိုးခ်ဲ႕ေဖာက္လုပ္ခဲ့ၿပီးေနာက္ ယာဥ္သြားလာမႈ မ်ားျပားလာသျဖင့္ (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမႀကီးအျဖစ္ တိုးခ်ဲ႕ေဖာက္လုပ္ရာတြင္ ကေလာ-ေတာင္ႀကီးလမ္းပိုင္းကို ႏိုင္လြန္ကတၱရာလမ္းမႀကီးအျဖစ္ အဆင္ျမႇင့္တင္ခဲ့ျခင္းျဖစ္သည္။

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီးကို ေဆာက္လုပ္ေရးကုမၸဏီ (၃)ခုအား B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ေပးထားရာ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းအား ၂၀၀၈ ခုႏွစ္ကတည္းက လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္ၿပီး ယခုအခါမွာ အဆိုပါ လမ္းပိုင္းအား (၄၈)ေပအက်ယ္ (၄)လမ္းသြား AC ကတၱရာကြန္ကရစ္လမ္းမႀကီးအျဖစ္ လုပ္ေဆာင္ေနျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဝင္းမင္းေဌး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဖောက်လုပ်သည့် ကလော-တောင်ကြီး (၄) လမ်းသွားနိုင်လွန်ကတ္တရာလမ်းပိုင်းကို မေလ (၁)ရက်နေ့တွင် ဖွင့်လှစ်မည်
**************
တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်နေသည့် မိတ္ထီလာ - တောင်ကြီး- ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်း ကလော-တောင်ကြီး (၄) လမ်းသွားနိုင်လွန်ကတ္တရာလမ်းပိုင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းကို (၄) လမ်းသွားလမ်းမကြီးအဖြစ် ဖောက်လုပ်နေခြင်းဖြစ်ပြီး ပြီးစီးသွားသည့် ကလော-တောင်ကြီး (၄) လမ်းသွားနိုင်လွန်ကတ္တရာလမ်းပိုင်းကို ဖွင့်ပွဲကျင်းပဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

"မေလ (၁) ရက်နေ့ဖွင့်ပွဲလုပ်မှာပါ။ ပြည်နယ်ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်မှာပါ"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းထွန်းလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် မိတ္ထီလာ-တောင်ကြီးလမ်းပိုင်းကို ၂၀၀၈ ခုနှစ်ကတည်းက BOT စနစ်ဖြင့်ရယူကာ မူလ (၁၂) ပေအကျယ်လမ်းကို (၂၄) ပေအကျယ်လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်ခဲ့ပြီးနောက် ယာဉ်သွားလာမှု များပြားလာသဖြင့် (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်ရာတွင် ကလော-တောင်ကြီးလမ်းပိုင်းကို နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးကို ဆောက်လုပ်ရေးကုမ္ပဏီ (၃)ခုအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားရာ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းအား ၂၀၀၈ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်ပြီး ယခုအခါမှာ အဆိုပါ လမ်းပိုင်းအား (၄၈)ပေအကျယ် (၄)လမ်းသွား AC ကတ္တရာကွန်ကရစ်လမ်းမကြီးအဖြစ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဝင်းမင်းဌေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net