ေမာက္မယ္ၿမိဳ႕တြင္ safe guard အပူလြန္ကဲၿပီးေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြား၍ လွ်ပ္စစ္မီး ေဘးကင္းစြာ အသံုးျပဳေရးလမ္းညႊန္ကို လိုက္နာၾကရန္ တုိက္တြန္း

ေမာက္မယ္ၿမိဳ႕တြင္ safe guard အပူလြန္ကဲၿပီးေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြား၍ လွ်ပ္စစ္မီး ေဘးကင္းစြာ အသံုးျပဳေရးလမ္းညႊန္ကို လိုက္နာၾကရန္ တုိက္တြန္း
စက်တင်ဘာ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပုိင္း)၊ လင္းေခးခရုိင္၊ ေမာက္မယ္ျမိဳ႕တြင္ ေရခဲေသတၱာ၌ အသံုးျပဳသည့္ Safe Guard (မီးျဖတ္စက္) အပူလြန္ကဲၿပီး ေနအိမ္တစ္လံုး မီးေလာင္ဆံုးရံႈးသြားသျဖင့္ လွ်ပ္စစ္မီးေဘးကင္းစြာ အသံုးျပဳေရး လွ်ပ္စစ္ဌာန၏ တစ္လႏွစ္ႀကိမ္ အသိေပးမႈကို လုိက္နာၾကရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေဒသခံမ်ားကို တုိက္တြန္းလုိက္သည္။

ေမာက္မယ္ၿမိဳ႕၊ ေမြေတာ္ရပ္ကြက္၊ ရြက္လွလမ္းရိွ အိမ္အမွတ္ (မတ-၁၇၈) ဦးစုိင္းေဒါန၏ ေနအိမ္တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၀) ရက္ေန႔ နံနက္ (၁၀)နာရီခြဲဝန္းက်င္က ေနအိမ္၌ လူမရိွခ်ိန္တြင္ ေရခဲေသတၱာ အတြက္ အသုံးျပဳေသာ Safe Guard (မီးျဖတ္စက္) အပူလြန္ကဲရာမွ မီးေလာင္ကၽြမ္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အျပင္သြားတဲ့အခ်ိန္မွာ မီးေတြ မပိတ္ခဲ့ေတာ့ ရုတ္တရက္ အပူခ်ိန္လြန္ကဲၿပီး ျဖစ္တာေပါ့ေနာ္။ အဲဒီေတာ့ လွ်ပ္စစ္အေနနဲ႔ကေတာ့ ေပါက္ၿပဲေနတဲ့ႀကိဳးေတြ၊ ၾကာလာတဲ့ႀကိဳးေတြကို လဲဖို႔၊ စစ္ဖို႔ လိုအပ္တယ္။ လူမရိွဘဲနဲ႔ အိမ္ထဲမွာ မိန္းမခ်ထားခဲ့တာတုိ႔၊ အသံုးမျပဳတဲ့ မီးပလပ္ေတြ ဖြင့္ခဲ့တာတို႔ ဒါေတြက မလုပ္သင့္ဘူးေပါ့ေနာ္။ လွ်ပ္စစ္အေနနဲ႔ကလည္း ဒါေတြကို အသိပညာေပး ေဆာင္ရြက္လွ်က္ရိွပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ လွ်ပ္စစ္မီး အႏၱရာယ္နဲ႔ပတ္သက္ၿပီး ေက်းရြာေတြအထိ တစ္လႏွစ္ႀကိမ္ ေဟာေျပာတဲ့အခါမွာ လက္ကမ္းစာေစာင္ေတြ ေဝပါတယ္။ အဲဒီမွာ ေျပာတယ္”ဟု ေမာက္မယ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးဟန္သူရက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးေလာင္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရမႈႏွင့္ အျခားအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းမႈမရိွဘဲ ၿငိႇမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေမာက္မယ္ျမိဳ႕နယ္သတင္းမ်ား


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့တွင် ရေခဲသေတ္တာ၌ အသုံးပြုသည့် Safe Guard (မီးဖြတ်စက်) အပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားသဖြင့် လျှပ်စစ်မီးဘေးကင်းစွာ အသုံးပြုရေး လျှပ်စစ်ဌာန၏ တစ်လနှစ်ကြိမ် အသိပေးမှုကို လိုက်နာကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများကို တိုက်တွန်းလိုက်သည်။

မောက်မယ်မြို့၊ မွေတော်ရပ်ကွက်၊ ရွက်လှလမ်းရှိ အိမ်အမှတ် (မတ-၁၇၈) ဦးစိုင်းဒေါန၏ နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်က နေအိမ်၌ လူမရှိချိန်တွင် ရေခဲသေတ္တာ အတွက် အသုံးပြုသော Safe Guard (မီးဖြတ်စက်) အပူလွန်ကဲရာမှ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“အပြင်သွားတဲ့အချိန်မှာ မီးတွေ မပိတ်ခဲ့တော့ ရုတ်တရက် အပူချိန်လွန်ကဲပြီး ဖြစ်တာပေါ့နော်။ အဲဒီတော့ လျှပ်စစ်အနေနဲ့ကတော့ ပေါက်ပြဲနေတဲ့ကြိုးတွေ၊ ကြာလာတဲ့ကြိုးတွေကို လဲဖို့၊ စစ်ဖို့ လိုအပ်တယ်။ လူမရှိဘဲနဲ့ အိမ်ထဲမှာ မိန်းမချထားခဲ့တာတို့၊ အသုံးမပြုတဲ့ မီးပလပ်တွေ ဖွင့်ခဲ့တာတို့ ဒါတွေက မလုပ်သင့်ဘူးပေါ့နော်။ လျှပ်စစ်အနေနဲ့ကလည်း ဒါတွေကို အသိပညာပေး ဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့ကတော့ လျှပ်စစ်မီး အန္တရာယ်နဲ့ပတ်သက်ပြီး ကျေးရွာတွေအထိ တစ်လနှစ်ကြိမ် ဟောပြောတဲ့အခါမှာ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ အဲဒီမှာ ပြောတယ်”ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိဘဲ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မောက်မယ်မြို့နယ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net