မိုင်းပျဉ်းမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျကာ ယာဉ်မောင်း သေဆုံး

 Photo: MFSD
Photo: MFSD
မိုင်းပျဉ်းမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျကာ ယာဉ်မောင်း သေဆုံး
ဖေဖော်ဝါရီ 20, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ တောင်ကြီး - မိုင်းပျဉ်း - ကျိုင်းတုံ - တာချီလိတ် သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အိမ်စီးကားတစ်စီး ချောက်ထဲကျသွားပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂၄/၄ အနီးတွင် Vigo အမျိုးအစား အိမ်စီးကား ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျသွားခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားမှုကြောင့် ယာဉ်မောင်းအမျိုးသားမှာ သေဆုံးသွားသည့်အတွက် ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။