မန္တလေး ရေနီမြောင်းဈေးတွင် အာဏာသိမ်းတပ်ဖွဲ့ဝင် ၂ ဦးအား ပစ်ခတ်မှုကို PGC-MDY က လုပ်ဆောင်ကြောင်း ကြေညာ

မန္တလေး ရေနီမြောင်းဈေးတွင် အာဏာသိမ်းတပ်ဖွဲ့ဝင် ၂ ဦးအား ပစ်ခတ်မှုကို PGC-MDY က လုပ်ဆောင်ကြောင်း ကြေညာ
By Tachileik News Agency

မန္တလေးမြို မဟာအောင်မြေမြို့နယ်အတွင်းရှိ နေရနီမြောင်းဈေးတွင် ယနေ့ နံနက်ပိုင်းက အရပ်ဝတ်ဖြင့် ဈေးလာဝယ်သည့် အာဏသိမ်းစစ်ကောင်စီတပ်သား (၂) ဦး ပစ်ခတ်ခံရမှုမှာ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် PGC -MDY က ထုတ်ပြန်ကြေညာသည်။

ဆိုင်ကယ်နဲ့ဘေးကနေလိုက်ပြီး တေ့ပစ်သွားတာ။ နှစ်ယောက်စလုံး မှန်သွားတယ်။ အသံကြားပြီး စျေးသည်ရောစျေးဝယ်ရော အကုန်ပြေးကြတာ

ဟု အခင်းဖြစ်ဈေးတွင် စျေးဝယ်သွားခဲ့သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်သား (၃) ဦးသည် ၃၇ လမ်းရှိ ရေနီမြောင်းစျေးသို့ အရပ်ဝတ်များဖြင့် ဈေးလာဝယ်စဉ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် (၇)နာရီ (၃၇) မိနစ်၌  PGC -MDY က ဈေးထဲတွင် အနီးကပ်၍ စစ်သား (၂) ဦးကို ပစ်ခတ်ထားခဲ့ခြင်းဖြစ်ကြောင်း  PGC-MDY ကထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သား (၁) ဦး နေရာတွင် သေသွားပြီး တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုအပြီးတွင် အာဏာသိမ်းတပ်ရောက်လာကာ အလောင်းလာသယ်ရင်း ဈေးတွင်းကိုလည်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်အာဏာရှင်ကိုတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အာဏာသိမ်းအဖွဲ့၏ စစ်တပ်၊ ရဲနှင့် ၎င်းတို့အား ပံ့ပိုးနေသူများကို တိုက်ခိုက်မှုများပြုလုပ်ရာတွင် မည်သည့်အဖွဲ့မှ ပြုလုပ်ကြောင်း အသိပေးကြေညာချက်များကို ထုတ်ပြန်လေ့ရှိသည်ကို တွေ့ရသည်။