မိုင်းဆတ်မြို့မှ သံသယလူနာနှင့် Quarantine ထားရှိသူ (၃)ဦး၏ ဓါတ်ခွဲနမူနာများ ရယူပို့ဆောင်

မိုင်းဆတ်မြို့မှ သံသယလူနာနှင့် Quarantine ထားရှိသူ (၃)ဦး၏ ဓါတ်ခွဲနမူနာများ ရယူပို့ဆောင်
ဧပြီ 25, 2020
By 🌸
မိုင်းဆတ်မြို့မှ  သံသယလူနာနှင့် Quarantine ထားရှိသူ (၃)ဦး၏ ဓါတ်ခွဲနမူနာများ ရယူပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၅)ဦးမြောက် COVID-19 သံသယလူနာနှင့် Facility Quarantine မှ (၃)ဦး စုစုပေါင်း (၄)ဦးတို့၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ နံနက်ပိုင်းက ရယူပို့ဆောင်ထားကြောင်း သိရသည်။

မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံသို့ ဧပြီလ (၂၂) ရက်နေ့က အသက်ရှူကြပ်သဖြင့် လာရောက်ပြသခဲ့သည့် ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာမှ ပဉ္စမမြောက်သံသယလူနာအဖြစ်စောင့်ကြည့်ထားသူ အသက်(၃) နှစ်အရွယ်ကလေးနှင့် မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်း ကျောင်းခွဲ(အလက-၁) ရှိ Facility Quarantine ၌ အသွားအလာစောင့်ကြည့်ကန့်သတ်ထားသူ (၇)ဦးရှိသည့်အနက် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၄)ဦး၏ ဓါတ်ခွဲနမူနာများ ရယူခဲ့ခြင်းဖြစ်သည်။

ဓါတ်ခွဲနမူနာများကို ကျိုင်းတုံမြို့မှတစ်ဆင့် ရန်ကုန်ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ဧပြီလ (၂၉)ရက်နေ့၌ ဓါတ်ခွဲအဖြေသိရဖွယ်ရှိသည်။
အာခေါင်တို့ပတ်၊နှာခေါင်းတို့ပတ် နမူနာများရယူခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သမားတော် ဒေါက်တာသိန်းထွန်းအောင်၊ သွားနှင့် ခံတွင်းအထူးကုဆရာဝန်  ဒေါက်တာသန်းဝင်းတို့နှင့်အတူ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက
ကြီးကြပ်ဆောင်ရွက်သည်။

Tachileik News Agency
သတင်း -မြင့်မောင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~